ရှမ်းပြည််နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈ နယ်မြေ မုံုကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာဘက်တွင် အစိုးရ စစ်တပ်နှင့် ဖြစ်ပွားနေသော တုုိက်ပွဲများကြောင့် တရုတ်နယ်စပ် ဘန်ဝါနှင့် မန်ဟုုိင်းကျေးရွာများသုုိ့ ထွက်ပြေး ခုုိလှုံနေသည့် စစ်ပြေး ဒုက္ခသည်များ ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လမှစတင်ကာ မုံးကိုးမြို့နယ် ဖောင်းဆုုိင်ကျေးရွာဘက်မှ စစ်ပြေးဒုုက္ခသည် ၃၀၀ ကျော်သည် တရုတ်ဘက်ခြမ်း ဘန်ဝါကျေးရွာသုုိ့ ထွက်ပြေးတိမ်းရှောင်နေထုုိင်ရသလုုိ၊ မကြာမီ ရက်ပုုိင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့်လည်း မုံးကုုိးမြို့နယ််မှ အိမ်ထောင်စုု ၂၀ ခန့်ကလည်း တရုတ်နယ်စပ် မန်ဟိုင်း ကျေးရွာသုုိ့ တိမ်းရှောင်လာသဖြင့် လက်ရှိ စစ်ပြေး ဒုုက္ခပေါင်း ၄၀၀ ကျော် အတွက် စားနပ်ရိက္ခာ အရေးပေါ် လုုိအပ်နေသည်ဟုု စစ်ပြေးဒုုက္ခသည်စခန်းမှ တာဝန်ခံလည်းဖြစ်သူ ဆရာ ဦးတန်ဘောင်ဂျွန်းလွမ်းက မဇ္ဈိမကို ပြောသည်။
“ဖောင်းဆန်ဘက်မှာ အစုုိးရ စစ်တပ်နဲ့ တိုက်ပွဲလည်း နေ့တိုင်းလို ဖြစ်နေတော့ မနေနိုင်တော့လုုိ့ စစ်ပြေး ဒုက္ခသည်တွေ တရုတ်ဘက်ခြမ်း ပန်ဝါဘက်ကုုိ ထွက်ပြေးလာတာ။ သုံုးလလောက် ရှိနေပြီ။”ဟုု ၎င်းက ပြောသည်။
၎င်းက ဆက်လက်၍ “အခက်အခဲက အများကြီးပဲ မနေ့က ၁၂ ရက် စနေနေ့က ဆန် ၉ တန် သွားချေးယူခဲ့တယ်။ ငွေကလည်း မရှိတော့ သွားမပေးနုုိင်လုုိ့ ပြန်ပြောထားရတယ်။ ဆီ၊ ဆား၊ ဟင်းတွေလည်း လုုိအပ်နေတယ်။ ဒါပေမဲ့ အဓိက အရေးကြီးတာ ဆန်ဖြစ်တယ်ဆုုိပြီး ဆန်အရင် ဝယ်လုုိက်တယ်။ ဟင်းအတွက်က ဘာမှမရှိဘူး။ စစ်ပြေးဒုုက္ခသည်တွေက တောတောင်တွေမှာ လိုက်ရှာပြီး စားသောက်နေကြတယ်”ဟုု ပြောသည်။
လက်ရှိ တရုတ်နယ်စပ် မန်ဟုုိင်းကျေးရွာအတွင်းရှိ စျေးနှုန်းသက်သာသည့် နေအိမ်များ ငှားရမ်း၍ ခုုိလှုံနေကြရသလိုု၊ လက်ရှိ ဆန်ပြတ်လပ်နေသဖြင့် စက်တင်ဘာလ ၁၂ ရက်က ဆန် ၉ တန်အတွက် တရုတ်ငွေ ၄၂,၀၀၀ကျော် ချေးယူကာ ဝယ်ခဲ့ရပြီး တခြား ဟင်းအတွက် ဆီ နှင့် အဟာရ ဖြစ်စေသော အစားအသောက်များ လိုုအပ်နေကာ လက်ရှိ တောတောင်များမှ ရှာဖွေစားသောက်နေကြရသည်ဟုု ဆရာ ဦးတန်ဘောင်ဂျွန်းလွမ်းက ပြောသည်။
တရုတ်နိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် မည်သည့် အစိုးရနှင့် အဖွဲ့အစည်းများမှ အကူအညီများ မရရှိသဖြင့် စစ်ပြေးဒုုက္ခသည်များအတွက် မူဆယ်မြို့နယ် မုုန်မောင်တိုက်နယ်နှင့် တရုုတ်နုုိင်ငံမှ ဘာသာရေး အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးနေရသည်ဟုလည်း ဆိုသည်။
မုံကုုိးမြို့နယ်အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသဖြင့် စစ်ပြေးဒုုက္ခသည်များ ခုုိလှုံမည့် နေရာများ ပြင်ဆင်ထားသည်ဟုု KIA တပ်မဟာ ၄ ဒုုတိယ တပ်မမှူး ဗုုိလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမသို့ ပြောသည်။
“ဘန်ဆုုိင်း-ဖောင်းဆုုိင်ဘက်ကနေ အခုု ၃ လ။ ၄ လလောက်ရှိပြီ ရွာသားတွေ ထွက်ပြေး တိမ်းရှောင်သွားတာ။ အခုုလည်း အစုုိးရ စစ်တပ်က အင်အား တုုိးလာတယ်ဆုုိတော့ တုုိက်ပွဲ ဆက်ဖြစ်ဖုုိ့ ရှိတယ်။ ကျနော်တို့လည်း ရွာသားတွေအတွက် ကြိုတင်ပြင်ဆင်နေတယ်။”ဟုု ၎င်းက ပြောသည်။
စက်တင်ဘာလ ၁၆ ရက်က ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခုုိင်၊ နမ်ဖန်ကာဘက်မှ အစုုိးရ စစ်အင်အား တုုိးမြင့်လာမှု ရှိလာပြီး လက်ရှိ မုံုကုုိးမြို့နယ်အတွင်း အစုုိးရ၏ စစ်တပ်အင်အား ၁၀၀၀ ကျော် လှုပ်ရှားနေသည်ဟုု ဗုုိလ်မှူးကြီး ဇော်ဂမ်က ပြောသည်။
KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မုုန်းဒိန်ပါကျေးရွာတွင်လည်း စက်တင်ဘာလ ၁၅ ရက်က တုုိက်ပွဲဖြစ်ပွားခဲ့သေးသည်။







