မိုးကျရွှေကိုယ်မဟုတ်ဆိုသည့် ပြည်ခိုင်ဖြိုးအမတ် ရွေးကောက်ပွဲတွင် အနိုင်ရရန် အားသာချက်ရှိဟုဆို

မိုးကျရွှေကိုယ်မဟုတ်ဆိုသည့် ပြည်ခိုင်ဖြိုးအမတ် ရွေးကောက်ပွဲတွင် အနိုင်ရရန် အားသာချက်ရှိဟုဆို
by -
မဇ္ဈိမ
ရွေးကောက်ပွဲနီးကပ်မှ ပေါ်လာသည့် မိုးကျရွှေကိုယ် မဟုတ်ဆိုသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာတွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဒေါ်ဝင်းဝင်းသီက ဟန်မလုပ်၊ အမှန်သရုပ်ဖြင့် ပြည်သူ့ကိုယ်စားလှယ်လုပ်မည်ဟု ကြွေးကြော်ကာ စက်တင်ဘာ ၁၆ရက်က မဲဆွယ်စည်းရုံးခဲ့သည်။

ပျဉ်းမနားမြို့နယ်သည် သူ၏ ဇာတိဖြစ်သောကြောင့် ရွေးကောက်ပွဲနိုင်ရန် အားသာချက်ရှိသည်ဟု ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာတွင် မဲဆွယ်အပြီး ဒေါ်ဝင်းဝင်းသီက သတင်းထောက်များကို ပြောသည်။

“အဓိကက ကိုယ်အနားယူနေရမယ့်အချိန်မှာ ကိုယ်စားလှယ်လောင်းလေးတွေတော့ သွားကြည့်ဦးမှ ဆိုကတည်းကကို ကျွန်မတို့ဘက်တော့ နည်းနည်းတော့ အားပါလာပြီ”ဟု သူ၏ ထင်မြင်ချက်ကို မဲဆွယ်ရာတွင် ပြောကြားခဲ့သည်။

ဒေါ်ဝင်းဝင်းသီက ၎င်းအနေဖြင့် နတ်သူရဲကျေးရွာကို လာရခြင်းသည် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ ထောက်ခံမဲ များများရရန် ရည်ရွယ်ချက်ဖြင့် လာခြင်းဖြစ်သည့်အတွက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကို မေ့လျော့မသွားရန် မဲဆန္ဒရှင်များကို ပန်ကြားခဲ့သည်။

အဆိုပါ မဲဆွယ်စည်းရုံးပွဲတွင် ဒေါ်ဝင်းဝင်းသီးနှင့်အတူ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တ်တော် အမှတ် (၁၀)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီးလည်း လိုက်ပါ စည်းရုံးခဲ့သည်။

လာမည့် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်ခိုင်ဖြိုးပါတီ မှ ဒေါ်ဝင်းဝင်းသီ၊ အမျိုးဒီမိုကရေစီအင်အားစုပါတီမှ ဦးဌေးလှိုင်၊ မြန်မာအမျိုးသား ကွန်ကရက်ပါတီမှ ဦးနိုင်လင်းဦး၊ တသိပုဂ္ဂလ ကိုယ်စားလှယ် ဦးမြင့်အောင်သန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးသာအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန်းစိုးအောင်တို့ ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...