KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မန်စီမြို့နယ် မုုန်းဒိန်ပါကျေးရွာတွင် အစုုိးရ စစ်တပ်ရင်း နှစ်ရင်ခန့်က ထုုိးစစ်ဆင်လာသဖြင့် ယနေ့ (စက်တင်ဘာ ၁၅ရက်) ညနေ ၃ နာရီခွဲချိန်တွင် တုုိက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ခုုန ၃ နာရီခွဲမှာ မုုန်ဒိန်းပါမှာ ကျနော်တုုိ့ တပ်ဖွဲ့တွေ ရှိနေတဲ့နေရာကုုိ အစုုိးရစစ်ကြောင်း နှစ်ကြောင်း တက်လာ လုုိ့ တုုိက်ပွဲ ဖြစ်လာတယ်။ ခုုတော့ ငြိမ်နေတယ်။ အစုုိးရ စစ်တပ်ကလည်း အဲဒီအနီး တဝုုိက်မှာဘဲ ရှိနေတုုန်းဘဲ။ အခုုက နှစ်ဖက်စလုံုးစောင့်ကြည့်နေတုုန်းဘဲ”ဟုု ဗုုိလ်မှူး ဂျွန်းအောင်က ပြောသည်။
တုုိက်ပွဲကြောင့် KIA ဘက်မှ ထိခုုိက်ကျဆုံုးမှု မရှိသော်လည်း အစိုုးရ စစ်တပ်ဘက်တွင် မုုိင်းများ နင်းမိသူများရှိသဖြင့် ထိခိုုက်ဒဏ်ရာရသူများ ရှိနုုိင်မည်ဟုု သူက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ရ ရက်နေ့နှင့် ၈ ရက်များတွင် နှစ်ရက်ကြာ ဆက်တုုိက် တုုိက်ပွဲ ဖြစ်ပွား ခဲ့ပြီးနောက် ယနေ့ ထပ်မံ ဖြစ်ပွားလာခြင်း ဖြစ်ကာ လက်ရှိ အစုုိးရ စစ်ကြောင်းမား ဆုုတ်ခွာသွားခြင်း မရှိသေးသဖြင့် နှစ်ဖက် အဆင်သင့်နေရာယူထားကာ တုုိက်ပွဲ ဆက်လက်ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟုု သူက ပြောသည်။
“ကျနော်တိုု့ ရှိနေတဲ့ နေရာကုုိသူတုုိ့တက်လာလိုု့ တုုိက်ပွဲပြန်ဖြစ်တာ။ ဒီမှာက သစ်လုုပ်ငန်းတွလည်း မရှိတော့ဘူး။ ဘာစီးပွားရေးလုုပ်တာလည်း မရှိတော့ဘူးဆုုိတော့ နယ်မြေစုုိးမုုိးရေသက်သက် တက်လာတာဘဲ”ဟုု သူက ဆက်လက် ပြောဆုုိသည်။
မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၁၂ နယ်မြေအတွင်း အစုုိးရ စစ်တပ်၏ ဗျူဟာ နစ်ခုုခန့် လှုပ်ရှားနေဆဲ ဖြစ်သည်ဟုု သူက ပြောသည်။
မန်စီမြို့နယ်တွင် အစုုိးရနှင့် ကေအုုိင်အုုိတပ်တုုိ့ တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟုု သိရသော်လည်း အသေးစိတ်မသိရသေးကြောင်း တုုိက်ပွဲများ လျော့ချနုုိင်ရန်အတွက် ကချင်ပြည်နယ် အစိုုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တုုိ့ မကြာမီ တွေ့ဆုံုရမည် ဖြစ်သော်လည်း တွေ့ဆုံုမည့် ရက်သတ်မှတ်ခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။
“ဒီနေ့ တုုိက်ပွဲဖြစ်တာ အသေးစိတ်မသိသေးဘူး။ တွေ့ဖုုိ့ လိုုနေတယ်။ နေပြည်တော် အစည်းအဝေးကလည်း ဘာမှမဆုံုးဖြတ်နုုိင်ဘူး၊ စစ်တပ်နဲ့ ပတ်သက်တဲ့ မင်းအောင်လှိုင်နဲ့လည်း မတွေ့ခဲ့ဘူးဆိုုတော့ တုုိက်ပွဲ လျော့ချဖိုု့က ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ကနေ ဆွေးနွေးဖိုု့ဘဲရှိ တယ်”ဟုု သူက မဇ္ဈိမသို့ ပြောသည်။
လက်ရှိ တုုိက်ပွဲများ ဖြစ်ပွားနေမှုကုုိ ညှိနှိုင်းဆွေးနွေးရန်အတွက် ကချင်ပြည်နယ် အစုုိးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် ကေအုုိင်အုုိ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေအဖွဲ့တုုိ့ စက်တင်ဘာလဆန်းပုုိင်းတွင် တွေ့ဆုံုရန် သဘောတူထားသော်လည်း တုုိင်းရင်းသား ထိပ်သီးခေါင်းဆောင်များ နေပြည်တော်သုုိ့ သွားရောက် ဆွေးနွေးနေသဖြင့် ၎င်းတိုု့ဆွေးနွေးမှု ဆုုိင်းငံ့ထားခဲ့သည်။
အစုုိးရ စစ်တပ်၏ ထုုိးစစ်ဆင်မှုက လျော့သွားတာ မရှိသလုုိ၊ နယ်မြေစုုိးမုုိးရေးက ပုံုမှန်ဆက်လက် လုုပ်ဆောင်နေဆဲ ဖြစ်သည်ဟုု သူက ပြောဆုုိသည်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလုုိင်လမှ သြဂုုတ်လအတွင်း တုုိက်ပွဲများ ဖြစ်ပွားခဲ့သောလည်း ယခုုလတွင်မှု တုုိက်ပွဲထပ်မံဖြစ်ပွားခြင်း မရှိဘဲ တည်ငြိိမ်နေသည်ဟု သူက ပြောသည်။
သုုိ့သော် ရှမ်းပြည်နယ်မြောက်ပုုိင်း KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆၊ ၃၈၊ ၃၉ နယ်မြေများတွင်လည်း တုုိက်ပွဲ နေ့စဉ်ဆုုိသလုုိ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟုု သိရသည်
ုKIO အပါအဝင် တုုိင်းရင်းသား လက်နက်ကုုိင် ထိပ်သီးခေါင်းဆောင်များ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း လက်မှတ်ရေးထုုိးရေး အပြီးသတ် ဆွေးနွေးရန် စက်တင်ဘာလ ၉ ရက်က နေပြည်တော်သုုုုိ့ သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံုဆွေးနွေးမှုတွင် ပါဝင်သည်။







