ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့သည့် နန်းထိုက်စံ တည်းခိုခန်းပိုင်ရှင် ရပ်ကွက်ရုံးနှင့် ပြေလည်မှုရ

ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့သည့် နန်းထိုက်စံ တည်းခိုခန်းပိုင်ရှင် ရပ်ကွက်ရုံးနှင့် ပြေလည်မှုရ
by -
မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည် လာရောက်တည်းခိုသွားသည်ကို ဧည့်စရင်းမတိုင်မိသည့် လွိုင်ကော်မြို့ နန်းထိုက်စံ တည်းခိုခန်းပိုင်ရှင်သည် ရပ်ကွက်ရုံးသို့ သွားရောက် ဖြေရှင်းခဲ့ရပြီး ၀န်ခံနှုတ်ကတိဖြင့် ပြေလည်ခဲ့သည်။

“မနေ့က (စက်တင်ဘာ ၁၄) ကျွန်မကို ရပ်ကွက်ရုံးက ခေါ်တော့ လက်မှတ်ထိုးဖို့ ကျွန်မ သွားပါတယ်။ ဥက္ကဋ္ဌနဲ့တွေ့ပြီး ရှင်းပြတော့ နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူးဆိုတဲ့ နှုတ်ကတိနဲ့ပဲ ပြီးသွားပါတယ် လက်မှတ်မထိုးခဲ့ရဘူး”ဟု တည်းခိုခန်းပိုင်ရှင် ဒေါ်မင်အင်းက မဇ္စျိမသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်အဖြစ် ကယားပြည်နယ် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ ခရီးစဉ်အတွင်း လွိုင်ကော်မြို့ နန်းထိုက်စံတွင် စက်တင်ဘာ ၁၁ ရက်နေ့က တည်းခိုနေထိုင်ခဲ့သည်။

“၁၂ ရက်နေ့ တည်းခိုခန်းက ၀န်ထမ်း ဧည့်စရင်း သွားပေးတော့ ရပ်ကွက်ရုံးက ကျွန်မကို လာတွေ့ပါလို့ မှာလိုက်တယ်။ နောက်နေ့သွားတော့ လက်မှတ်ထိုးဖို့ စာမစီရသေးဘူး ပြောလို့ ကျွန်မပြန်ခဲ့တယ်။ မနေ့က (စက်တင်ဘာ ၁၄) ကျွန်မ နှစ်ခါသွားတယ်။ သူတို့မလာကြဘူး။ ကျွန်မပြန်လာပြီး ည ၁၀ နာရီကျော်မှ ဖုန်းဆက်ခေါ်လို့ ပြန်သွားလိုက်တာ နှုတ်ကတိနဲ့ပဲ အဆင်ပြေသွားတယ် လက်မှတ်မထိုးခဲ့ရဘူး”ဟု ဒေါ်မင်အင်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကယားခရီးစဉ် တလျှောက် ယခုကိစ္စမှလွဲ၍ အခြားကြီးကြီးမားမား ပြဿနာလုံးဝမရှိခဲ့ကြောင်း ခရီးစဉ်တွင် အတူလိုက်ပါခဲ့သူ ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ခင်စည်သူက မဇ္စျိမသို့ ပြောကြားသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးခရီးစဉ်အဖြစ် ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနှင့် ရှားတော စသည့်မြို့နယ်များသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဘောလခဲမြို့၌ တစ်ညတည်းခို၍ လွိုင်ကော်မြို့ နန်းထိုက်စံ တည်းခိုခန်းတွင် တစ်ည တည်းခိုခဲ့သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...