ပြည်သူများ မဲစာရင်းကြည့်ရန် NLD နှိုးဆော်

ပြည်သူများ မဲစာရင်းကြည့်ရန် NLD နှိုးဆော်
by -
မဇ္ဈိမ
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်း အမျိုးသားဒီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများကို မဲရင်စားကြည့်ရန် အသံချဲ့စက်များဖြင့် စက်တင်ဘာ၁၅ ရက်နေ့က လိုက်လံ နှိုးဆော်လျက်ရှိသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းကို ကြည့်ကြရန် နှင့် မဲစာရင်းတွင် မိမိအမည်ပါဝင်ရေး ဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံဆော်သြခဲ့သည်။

စက်တင်ဘာ ၁၄ရက်နေ့က တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်လိုက်သည်။ ယခု ဒုတိယ အကြိမ် ထုတ်ပြန်သည့် စာရင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်တွင် မဲဆန္ဒရှင်ဦးရေ ၆၇၀,၀၀၀ကျော်ရှိပြီး မေလက ထုတ်ပြန်သည့် စာရင်းထက် ၆၀,၀၀၀ကျော် ပိုများနေခြင်းဖြစ်သည်။

ယင်းစာရင်းတွင် တပ်မတော်သားများနှင့် ယင်းတို့၏ မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစု ဝင်များမပါသေးပေ။

နေပြည်တော် သပြေကုန်းရပ်ကွက်ကော်မရှင်ရုံးက စက်တင်ဘာ၁၄ ရက်က ထုတ်ပြန်သည့် မဲစာရင်းတွင် (၁၈၄၈) ဦးရှိကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ မဲစာရင်းတွင် အမျိုးသား (၁၁၄၀)ဦး နှင့် အမျိုးသမီး(၇၀၈)ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

ဇမ္မူသီရိမြို့နယ်အတွင်း သပြေကုန်ရပ်ကွက်တွင် မဲဆန္ဒပေးခွင့်ရှိသူများစာရင်းကို ပုံစံ(၁)ဖြင့်ကြေညာ ထားကြောင်းနှင့် မဲဆန္ဒပေးခွင့်ရှိသူများသည် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း ရှိ၊မရှိ လာရောက်ကြည့်ရှုကြရန်နှင့် မိမိအမည်ပါဝင်ခြင်းမရှိပါက အမည်စာရင်း ထည့်သွင်း ပေးပါရန် ပုံစံ(၃)(က)တွင် လိုအပ်သည်များ ဖြည့်စွက်၍ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရန် တောင်းဆိုနိုင်သည်။

မဲစာရင်းတွင် အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာစသည့် အချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄(ဂ)တွင် ဖြည့်စွက်ကာ ပြင်ဆင်နိုင် သည်ဟုလည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...