မြန်မာ သတင်း ထောက်များအတွက် ကျည်ကာအကျႌ အခမဲ့ဖြန့်ပေးမည်

မြန်မာ သတင်း ထောက်များအတွက် ကျည်ကာအကျႌ အခမဲ့ဖြန့်ပေးမည်
by -
မဇ္ဈိမ
မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် သတင်းယူကြမည့် သတင်းထောက်များ ဝတ်ဆင်ရန် ကျည်ကာအကျႌများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရွေးကောက်ပွဲအမီ အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က မဇ္စျိမသို့ ပြောသည်။

နိုင်ငံတကာ သတင်းထောက်များ ၀တ်ဆင်သည့် ဒီဇိုင်းပုံစံအတိုင်း တစ်ထည်လျှင် အမေရိကန်ဒေါ်လာ ၈၀ တန် ရိုးရိုးကျည်ကာအကျႌ အထည် ၁၅၀ ကို စက်ရုံသို့ အပ်ထားပြီး ဖြစ်သည်ဟု သိရသည်။

''ပဋိပက္ခအတွင်း သတင်းသမား တစ်ဦးဦးက အများနဲ့ရောပြီး ရန်ပြုခံရတဲ့အခါ ဥပမာ တုတ်၊ ဓါး လက်နက်နဲ့ တိုက်ခိုက်တာ။ လက်ကို ထိမှန်လို့ လက်ကျိုးသွားရင် ဆေးကုသလို့ ရတယ်။ သေစေနိုင်တဲ့ ရင်ဘတ်ကို တိုက်ခိုက်ရင် အမာခံ ကာကွယ်ထားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး''ဟု ဦးမြင့်ကျော်က ပြောသည်။

စက်တင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပသော ရွေးကောက်ပွဲကာလ စာနယ်ဇင်းသမားများ ဘေးကင်း လုံခြံုမှုဆိုင်ရာ ဆွေးနွေးပွဲအပြီး ပြောကြားခြင်းဖြစ်သည်။

သတင်းထောက်များ ကျည်ကာ အကျႌဝတ်ဆင်ခြင်းအား ဖမ်းဆီးအရေးယူခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တစ်စုံတရာ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ယင်းပွဲသို့ တက်ရောက်လာသူ ရဲမှူးကြီး မောင်စိုးက မဇ္စျိမသို့ ဖြေကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က အခမဲ့ ဖြန့်ဝေမည်ဆိုသည့် ကျည်ကာ အကျႌများ၏ ကုန်ကျစရိတ်ကို နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေးအဖွဲ့ IMS က ကူညီပေးခြင်းဖြစ်ပြီး ဦးထုပ်မာ (Halmet) များကိုလည်း မကြာမီဖြန့်ဝေမည်ဟု IMS မှ ဦးရဲဝင့်လှိုင်က ပြောသည်။ ယင်းပွဲသို့ တက်ရောက်လာသူ ထိုင်းနိုင်ငံမှ သတင်းစာဆရာ Mr. Kavi Chongkittavorn ကလည်း သတင်းထောက်များအနေဖြင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာများသို့သွားလျှင် အသက်အာမခံ ထားသင့်ပြီး ဆေးဝါးပစ္စည်းများ ယူဆောင်သွားသင့်သည်ဟု အကြံပြုသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...