ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆောင်ပုဒ်ဖြင့် မဲဆွယ်မည်

ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆောင်ပုဒ်ဖြင့် မဲဆွယ်မည်
by -
မဇ္ဈိမ
"ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့" ဆောင်ပုဒ်ဖြင့် ၎င်း၏ မဲဆန္ဒနယ်မြေ အတွင်း မဲဆွယ်စည်းရုံး မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက စက်တင်ဘာ ၁၃ ရက်တွင် မဇ္စျိမကို ပြောသည်။

"ရှေ့အပတ် စနေနဲ့ တနင်္ဂနွေမှာ တောင်ဥက္ကလာက တစ်လမ်းချင်းစီကို ကားနဲ့ပတ်ပြီး မဲဆွယ်စည်းရုံးမှု လုပ်မယ်။ ပြုပြင်ပြောင်းလဲဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ပါ"ဟု ၎င်းက ဆိုသည်။

ဦးအောင်သိန်းလင်းက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ်၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး မဲဆွယ် စည်းရုံးရေးကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တွင် စတင်ပြုလုပ်မည်ဟု ပြောဆိုခြင်းလည်း ဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ဦးအောင်သိန်းလင်း (ပြည်ခိုင်ဖြိုး) အပါအဝင် ဒေါက်တာစောနိုင်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဒေါ်ခင်အိအိစိန် (အမျိုးသား တိုးတက်ရေးပါတီ)၊ ဒေါက်တာ မင်းအောင်(အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ)၊ ဦးကျော်ဌေး (မြန်မာအမျိုးသား ကွန်ဂရက်ပါတီ) တို့က အသီးသီး ယှဉ်ပြိုင်ကြမည်။

ဦးအောင်သိန်းလင်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်သူတစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်က ပါတီတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်ရာ၌  ယခင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဆင့်မှ ဗဟိုကော်မတီဝင်အဆင့်သို့ ပြောင်းလဲ သတ်မှတ် ခံထားရသူလည်း ဖြစ်သည်။

၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလက်ထက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် အဖြစ် တာဝန်ယူခဲ့သည့် အငြိမ်းစားဗိုလ်မှူးချုပ် တစ်ဦးလည်း ဖြစ်သည်။ ယင်းနောက် ပြည်ခိုင်ဖြိုးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာမှ အမတ်နေရာ ရ၆ နေရာ အနိုင်ရရှိခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာသူလည်း ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...