တုုိင်းရင်းသား လက်နက်ကိုင်များကိစ္စ သမ္မတ ပြောဆိုမှုအပေါ် သံသယရှိ ဟုုဆို

တုုိင်းရင်းသား လက်နက်ကိုင်များကိစ္စ သမ္မတ ပြောဆိုမှုအပေါ် သံသယရှိ ဟုုဆို
by -
မဇ္ဈိမ
သမ္မတ ဦးသိန်းစိန်၏ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးအတွက် တုုိင်းရင်းသားလက်နက်ကိုုင်များ အားလုံုးပါဝင်ရန် ကုုိယ်တိုင်ကိုင်တွယ်ဖြေရှင်းမည်ဟုု ပြောဆုုိမှုအပေါ် သံသယရှိနေသည်ဟုု တအာင်းပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးက ပြောသည်။

“အစုုိးရက အားလုံုးပါဝင်ရေးမူကုုိ ပြောပေမဲ့လည်း ကျနော်တုုိ့အဖွဲ့ကုုိ Bi-Lateral အပစ်အခတ် ရပ်စဲရေးကနေ ဘယ်လုုိလုုပ်ရမလဲ။ သူများနဲ့ အင်န်စီအေကုုိ တပြိုင်နက်တည်း လက်မှတ်ထုုိးဖိုု့ သဘောမတူဘူး။ ကျန်တဲ့ အေအေတိုု့၊ အင်န်အမ်ဒီအေအေ အဆင့်နှိမ့်ပြီးတော့ ခွဲခြားထားတာတွေ ရှိတယ်ဆုုိတော့ အင်န်စီအေကုုိ တပြိုင်နက်တည်း ထုုိးဖုုိ့ မရှိဘူး၊ မဖြစ်နုုိင်ဘူး”

“အင်န်စီအေ လက်မှတ်ထုုိးပြီးရင် ကျနော်တိုု့ကုုိ အပြတ်ချေမှုန်း ထုုိးစစ်ဆင်မယ့်ဟာတွေ၊ အခုုလည်း တုုိက်ပွဲ ပြင်းထန်နေပါတယ်။ အဲဒီလုုိ ကိစ္စတွေ ရှိနေတော့ သမ္မတပြောတဲ့ အားလုံုးပါဝင် ရေးမူကုုိ ကျနော်တိုု့က တော်တော်လေး သံသယ ရှိပါတယ်” ဟုု PSLF/TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မုုိင်ဘုန်းကျော်က မဇ္စျိမသို့ ပြောသည်။

“သမ္မတ ပြောဆိုထားတဲ့အပေါ်မှာ ကျနော်တို့မရှင်းဘူး။ နဂုုိကတည်းက ပြောထားတဲ့ အတိုင်းပဲလုုိ့ ကျနော်တို့ မြင်ပါတယ်။ နဂိုထဲက ကျနော်တုုိ့ တုုိင်းရင်းသားအဖွဲ့တွေကို ခွဲခြားပြီးတော့မှ ကျန်တဲ့ ၁၅ ဖွဲ့က ထိုးထားတယ်။ ကျန်တဲ့ ၆ ဖွဲ့က ဒီလို၊ ဒီလို ဖြစ်တယ်။ အဆင့်နှိမ့်ပြီးတော့မှ နုုိင်ငံရေး ဆွေးနွေးပွဲမှာ ပါလို့ရတယ်။ လက််နက်အပ်ပြီးမှ ပါလို့ရတယ်ဆုုိတဲ့ ပုံုစံ မျိုးဖြစ်နေတယ်လုုိ့ မြင်ပါတယ်”ဟုု ၎င်းက ဆက်ပြောသည်။

အစိုးရနှင့် တုုိင်းရင်းသား ထိပ်သီးခေါင်းဆောင်များ လာမည့်အောက်တုုိဘာလ ပထမပတ်တွင် NCA လက်မှတ်ရေးထိုးရန် သဘောတူညီမှုဆုုိခြင်းသည် အားလုံုးပါဝင်ရေး မူအတိုုင်း ရပ်တည်၍ ဆုံုးဖြတ်သည်ဟုု ယူဆကြောင်း မုုိင်ဘုုန်းကျော်က ပြောသည်။

NCA သည် မြန်မာနုုိင်ငံ၏ အနာဂတ်အတွက် အရေးကြီးသည့် အဆင့်ဖြစ်သကဲ့သုုိ့ ၎င်းအား စီစဉ်ဆောင်ရွက်သည့် အချိန်တွင် အားလုံုးပါဝင်၍ တစ်တုုိင်းပြည်လုံုး၏ အကျိုးကို ရေရှည်ကြည့်ရှု လုုပ်ဆောင်ရန် လုုိအပ်ကြောင်း AA ၏ စစ်ဦးစီးချုပ် ဗုုိလ်မှူးချုပ် ထွန်းမြတ်နုုိင်က မဇ္စျိမသို့ ပြောသည်။

“NCA က အရမ်းအရေးကြီးတာမို့လုုိ့ သတိမထားဘဲ အမြန်လုုပ်လုုိက်ရင် ရှိုးပွဲလုုိ ဖြစ်ပြီးမှ အနစ်သာရ ကင်းမဲ့သွားနုုိင်တယ်။ ဆုုိလုုိတာက အကုုန်လုံုးပါဝင်ပြီးမှ တုုိင်းပြည်အရေးကုုိ ဖြေရှင်းတာမျိုး ဖြစ်စေချင်တယ်”ဟုု ၎င်းက ပြောသည်။

“ကျနော်တုုိ့က နုုိင်ငံရေးအရ သံသယကုုိ ဦးစားမပေးဘူး။ ပကတိအခြေအနေကုုိပဲ ထောက်ပြ ပြောလုုိတယ်။ ကိုးကန့်ကိစ္စကုုိ သမ္မတကုုိယ်တုုိင် ကုုိင်တွယ်မယ်ဆုုိတာကိုု သူကုုိယ်တုုိင် ကမ်းလှမ်း ဆွေးနွေးခြင်း မရှိဘူးဆုုိတာကုုိ တပ်အပ်ပြောလုုိ့ ရတယ်။ ပြီးရင် ရခုုိင်တပ်မတော် ကိစ္စနဲ့ ပတ်သက်ပြီးမှ သူပြောတဲ့ ကိစ္စတွေကုုိလည်း ဒါဟာ နည်းလမ်း မကျသေးဘူး။ ကျနော်တိုု့ဟာ ရခုုိင်အမျိုးသား အကျိုးစီးပွားကုုိ ကြည့်ပြီးတော့ တခြားတုုိင်းရင်းသား တွေနဲ့ လက်တွဲလုုပ်နေတဲ့အပေါ် ကျနော်တိုု့ကုုိ မြင်တဲ့ အနေအထားတွေကော။ တအာင်းအဖွဲ့နဲ့ ပတ်သက်ပြီးတော့ ပြောဆုုိတဲ့ ကိစ္စတွေရောက နုုိင်ငံတော် အစိုုးရဆုုိတာ တစ်နုုိင်ငံလုံုးကုုိ ပြဿနာကုုိ ဖြေရှင်းသင့်တယ်။ ဒါကုုိ သူတိုု့က approve နည်းလမ်းတစ်ခုုခုု လွဲချော်နေတာလားဆုုိပြီး ထောက်ပြ လုုိတယ်” ဟုု ဗိုလ်မှူးချုပ် ထွန်းမြတ်နုုိင်က ဆက်လက် ပြောဆုုိသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာနုုိင်ငံ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(ကုုိးကန့်တပ်မတော်) (MNDAA) တုုိ့သည် စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်များတွင် လွတ်မြောက် နယ်မြေတစ်နေရာ၌ မဟာမိတ် ထိပ်သီး အစည်းအဝေး ကျင်းပကာ အမျိုးသားတန်းတူရေးနှင့် ကုုိယ်ပုုိင်ပြဋ္ဌာန်းခွင့်ကုုိ အပြန်အလှန် အသိအမှတ်ပြုပြီး နုုိင်ငံရေး၊ စစ်ရေး ပုုိမုုိပူးပေါင်းဆောင်ရွက်ရန် သဘောတူ ဆုံုးဖြတ်ခဲ့သည်ဟု ယနေ့ ကြေညာချက် ထုုတ်ပြန်ထားသည်။

“ကျနော်တုုိ့ သုံုးဖွဲ့က ညီညီညွတ်ညွတ်ရှိတယ်။ တကယ်လုုိ့ အစုုိးရဘက်က ငြိမ်းချမ်းရေးကုုိ လုုိလားပြီး အကုုန်လုံုးကုုိ လက်မှတ်ရေးထုုိးခွင့် ပြုတယ်ဆုုိရင် ကျနော်တိုု့ သုံုးဖွဲ့က အဆင့်သင့်ရှိတယ်။ တကယ်လုုိ့ မဟုုတ်ဘူး။ ဟိုုခွဲ ဒီခွဲ လုုပ်မယ်ဆုုိရင်တော့ ကျနော်တုုိ့ သုံုးဖွဲ့က လက်မှတ်မထုုိုုးနုုိင်ဘူး” ဟုု မုုိင်ဘုုန်းကျော်က ပြောသည်။

ယခုု အစုုိးရသက်တမ်းကုုန်တော့မည်ဖြစ်ရာ NCA လက်မှတ်မရေးထုုိးမီ ကြိုတင်ဆွေးနွေး ထားသော code of conduct ကုုိ မည်သည့်အချိန်တွင် အကောင်အထည် ဖော်ရမည်၊ နုုိင်ငံရေးဆွေး နွေးပွဲကုုိ မည်သည့်အချိန်တွင် စတင်ဆွေးနွေးမည်ဟုု ဆွေးနွေးပြီးမှသာလျှင် NCA အကျုံးဝင်မည်ဟူ သော ကတိကဝတ်များ ရှိသဖြင့် ရွေးကောက်ပွဲ ကာလတစ်ခုုကုုိ ဖြတ်သန်းရမည့် အစုုိးရတစ်ရပ်သည် နုုိင်ငံရေးအရ ဆွေးနွေးမည့် သက်တမ်းကျန်မကျန် အသေးစိတ် ဆင်ခြင်သုံုးသပ်ရန် လုုိအပ်သဖြင့် အလောတကြီး မဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) တွင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများအားလုံုး တပြိုင်နက်တည်း အတူတကွ လက်မှတ်ရေးထုုိးရန်ဟူသော မူအတုုိင်း အခုုိင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းတိုု့ ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် နုုိဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရန် မြန်မာအစုုိးရကုုိ တုုိက်တွန်းတောင်းဆုုိထားပြီး ထွက်ပေါ်လာမည့် အစုုိးရသည် တုုိင်းရင်းသားလူမျိုးများနှင့် ဖြစ်ပွားနေသော နုုိင်ငံရေး၊ စစ်ရေး ပဋိ့ပက္ခများကုုိ ပင်လုံုကတိကဝတ်ကုုိ အခြေခံပြီး ကိုုင်တွယ်ဖြေရှင်းရန် လုုိလားကြောင်း တောင်းဆုုိထားသည်။

“လာမယ့် ရွေးကောက်ပွဲမှာလည်း တရားမျှတမှု ဖြစ်ဖုုိ့ရယ်၊ တက်လာတဲ့အစုုိးရဟာ မြန်မာ နုုိင်ငံရဲ့ ပြည်တွင်းစစ်ကုုိ စနစ်တကျဖြေရှင်းမယ့် အစုုိးရကုုိ တက်လှမ်းစေချင်တယ်။ စစ်ရေးနုုိင်ငံရေး ပူးပေါင်း ဆောင်ရွက်ရေး ဆုုိတာကလည်း တခြားတုုိင်းရင်းသားတွေကုုိ ဖိတ်ခေါ်တဲ့ တစ်ချိန်တည်းမှာ ကျနော်တုုိ့ ဘက်မှာ တုုိက်ပွဲ ပြင်းထန်နေတယ်။ ကျွန်တော်တုုိ့ မဟာမိတ်အဖွဲ့တွေမှာ အဲဒါကုုိ ဘယ်လုုိ လုုပ်မယ် ဆုုိတာတွေ ဆွေးနွေးဖြစ်ပါတယ်”ဟုု ၎င်းက ပြောသည်။

အဆုုိပါ မဟာမိတ်အဖွဲ့သုံုးဖွဲ့သည် အစုုိးရထံသုုိ့ အပစ်အခတ် ရပ်စဲရေးပြုလုုပ်ရန် ကမ်းလှမ်းခဲ့ သော်လည်း ယခုုထိ စစ်ရေးအရ အပြင်းအထန် ထုုိးစစ်ဆင်တုုိက်ခိုုက်နေသဖြင့် မြန်မာပြည် ငြိမ်းချမ်း ရေးဖြစ်စဉ်ကို အနှောက်အယှက် ဖျက်ဆီးနေသည့် လုုပ်ရပ်အဖြစ် ယင်းအဖွဲ့သုံုးဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခုုရက်ပုုိင်းအတွင်း ရှမ်းပြည်နယ် ကွတ်ခုုိင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်များ အပါအဝင် ဒေသအနှံ့အပြားတွင် အစိုုးရစစ်တပ်နှင့် TNLA တုုိ့ တုုိက်ပွဲ ဖြစ်ပွားနေပြီး ကုုိးကန့်ဒေသဘက်တွင် လည်း တုုိက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟုု မုုိင်ဘုုန်းကျော်က ပြောသည်။

1

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...