ကိုးကန့်တပ် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရာတွင် ပါဝင်ရေး သမ္မတကိုယ်တိုင် ကိုင်တွယ်မည်

ကိုးကန့်တပ် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရာတွင် ပါဝင်ရေး သမ္မတကိုယ်တိုင် ကိုင်တွယ်မည်
by -
မဇ္ဈိမ
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-MNDAA (ကိုးကန့်) ပါဝင်နိုင်ရေးအတွက် သမ္မတကိုယ်တိုင် ကိုင်တွယ်မည်ဟု စက်တင်ဘာ ၉ရက်နေ့က သမ္မတဦးသိန်းစိန် က ပြောကြားခဲ့သည်ဟု သမ္မတနှင့် တွေ့ဆုံရာတွင် ပါဝင်သည့် နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

သမ္မတဦးသိန်းစိန်က စက်တင်ဘာ ၉ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် ၉ဦး နှင့် တွေ့ဆုံရာ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"MNDAA နဲ့ ပတ်သက်တဲ့ကိစ္စကတော့ နိုင်ငံတော်သမ္မတကြီးက တိုက်ရိုက်ဆက်သွယ်နေတယ်။ တိုက်ရိုက် ကိုင်တွယ်နေတယ်လို့ ကြားပါတယ်။ နောက် နိုင်ငံတော်အစိုးရကလည်းပဲ MNDAA နဲ့ကိစ္စကို ဆက်သွယ်ပြီးတော့ တာဝန်ယူလုပ်ဆောင်သွားမယ်ဆိုတဲ့အပိုင်း ဒီကနေ့ ဆွေးနွေးပွဲမှာ တင်ပြတာရှိပါတယ်"ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ဒုတိယခေါင်းဆောင် ပူးဇင်ကျံုးက ပြောသည်။

တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေးတွင် တိုင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုးပါဝင်ပါက ကုုိးကန့်တပ်မတော်အနေဖြင့် ကြိုဆုုိကြောင်း MNDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မဇ္ဈိမသို့ ပြောသည်။

“အကယ်၍ နဂုုိကျနော်တုုိ့ စွဲကိုင်ထားတဲ့ အားလုံးပါဝင်ရေးဆုုိရင်တော့ ကြိုဆုုိပါတယ်။ ဒါပေမဲ့ ဘယ်လုုိ ကုုိင်တွယ်မယ် ဆုုိတာ ရေရေရာရာ မသိရသေးပါဘူး။ ကျနော်တုုိ့ကလည်း အားလုံုး ပါဝင်ရေးမူကုုိ ဆက်လက် ရပ်တည်နေပါတယ်။ ငြိမ်းချမ်းရေးရတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ တစ်နုုိင်ငံလုံုး အတုုိင်းအတာနဲ့ ပြောတဲ့ ငြိမ်းချမ်းရေး အပစ်ရပ်စာချုပ်ဆုုိတာ အားလုံုးပါဝင်ဖုုိ့က ပုုိသင့်တော်မလားလုုိ့ မြင်ပါတယ်။ ကျနော်တုုိ့လည်း ငြိမ်းချမ်းရေးလုုိလားပါတယ်”ဟုု ဦးထွန်းမြတ်လင်းက ပြောသည်။

စက်တင်ဘာလ ၉ ရက်က သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တို့ နေပြည်တော် တွင် တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးရန် ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသားများ ဘက်ကမူ အောက်တိုဘာ ၁၅ရက်ခန့် ဖြစ်နိုင်မည်ဟု ပြန်လည်ဆွေးနွေးထားသည်။

NCAတွင် လက်မှတ်ရေးထုုိးရာတွင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၁၅ ဖွဲ့သာ လက်မှတ် ရေးထုုိးပြီး တပြိုင်နက် စစ်ရေး၊ နုုိင်ငံရေး အာမခံချက်များအားလုံုး ရရှိမည် ဖြစ်ကြောင်း အစိုးရဘက်က အာမခံချက် ပေးထားသည်။

ကျန်နေသေးသော အဖွဲ့ ၆ ဖွဲ့ ပါဝင်လာရန်အတွက် စက်တင်ဘာ ၉ရက်တွင် ဆွေးနွေးခဲ့ပြီး ယင်းအဖွဲ့ များ ပါဝင်လာရေးအတွက် နှစ်ဖက်ခေါင်းဆောင်များက ဆက်လက်ကြိုးပမ်းကြမည် ဖြစ်သည်။

ကျန်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ပါတီ(PSLF)၊ ရခုုိင်တပ် မတော်(AA)၊ ရခုုိင်အမျိုးသားကောင်စီ (ANC)၊ ကုုိးကန့်တပ်မတော် (MNDAA)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)၊ လားဟူဒီမုုိကရက်တစ်ပါတီ (LDP)တုုိ့ ၆ ဖွဲ့ ပါဝင်လက်မှတ်ရေးထုုိး ရန် ဆွေးနွေးနေခြင်း ဖြစ်သည်။

လက်ရှိ အစုုိးရနှင့် လက်မှတ်ရေးထုုိးမည့် အဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံုး (KNU)၊ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမုုိကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်နီအမျိုးသားတုုိးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်တစ်ပါတီ(NMSP)၊ နာဂအမျိုးသား ဆုုိရှယ်လစ်ကောင်စီ(NSCN-K)၊ ပအုုိဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခုုိင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမုုိကရေစီ သွေးစီး ညီညွတ်ရေး တပ်မတော်(NDAA)၊ မြန်မာနုုိင်ငံလုံုးဆုုိင်ရာကျောင်းသားများတပ်မတော် (ABSDF)တုုိ့ ဖြစ်သည်။

ကုုိးကန့်ဒေသတွင် အစုုိးရ စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် နေ့တုုိင်းလိုု ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်သလုုိ၊ တစ်ပတ်လျှင် ၃ ရက်ခန့် မြေပြင် ထုုိးစစ်ဆင်မှုသည်လည်း ရှိနေဆဲ ဖြစ်သည်ဟုု ဦးထွန်းမြတ်လင်းက ဆိုသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...