သမ္မတ နှင့် တိုင်းရင်းသားခေါင်းဆောင်များ အပစ်ရပ်စာချုပ်ကို ဆွေးနွေးမည်မဟုတ်

သမ္မတ နှင့် တိုင်းရင်းသားခေါင်းဆောင်များ အပစ်ရပ်စာချုပ်ကို ဆွေးနွေးမည်မဟုတ်
by -
မဇ္ဈိမ
သမ္မတ နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်းများ စက်တင်ဘာ ၉ရက်တွင် တွေ့ဆုံဆွေးနွေး ရာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA)ပေါ် အဓိကထား ဆွေးနွေးမည် မဟုတ်ဘဲ NCA ပြီးပါက ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိစ္စ ဆွေးနွေးမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက စက်တင်ဘာ ၈ရက်က မီဒီယာများကို ပြောသည်။

"အခု ဆွေးနွေးတာတွေ အားလုံးက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA text)ပေါ်ကို ဆွေးနွေးဖို့ မဟုတ်ဘဲနဲ ့ NCA text မှာ ပါတဲ့ ဟာကို လက်မှတ်ရေးထိုးပြီးရင် ဘယ်လို ဆောင်ရွက်မလဲလို့ လက်မှတ်ရေးထိုးတဲ့ အထဲမှာ တိုင််းရင်းသားတွေဘက်က အဆိုပြုထားတဲ့ ကိစ္စရပ် တွေကို ဝန်ကြီးက ဘာကိုပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ပြောဖို့ လမ်းဖွင့်ပေးထားတဲ့ အခါကြတော့ နွေးနွေးထွေးထွေး ဆွေးနွေးနိုင်မှာပါ”ဟု ဦးလှမောင်ရွှေက ပြောသည်။

စက်တင်ဘာ ၉ရက်တွင် သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်ကြီးများ နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ၉ဦးတို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC 2) တွင် တွေ့ဆုံမည်ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် သမ္မတ နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်ဆွေးနွေးရန် ကနဦး လျာထားသော်လည်း လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသည်။

ယခုဆွေးနွေးပွဲသည် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးအတွက် တိုင်းရင်းသားများဘက်က ကိုင်စွဲ ထားသည့် အားလုံးပါဝင်ရေး မူအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ဆွေးနွေးညှိနှိုင်းရန် တိုင်းရင်းသားများဘက်က လျာထားထားခြင်းလည်းဖြစ်သည်။

သမ္မတ နှင့် ဆွေးနွေးရာတွင် တိုင်းရင်းသားများ လက်ခံထားသည့် အားလုံးပါဝင်ရေးမူအတွက် အလားအလာ ကောင်းနိုင်ဖွယ် ရှိမရှိကို NCCT ခေါင်းဆောင် ဖဒိုကွယ်ထူးဝင်းကို မီဒီယာများက မေးမြန်းရာ "မနက်ဖြန် သမ္မတဖြေမှပဲ ကျွန်တော်တို့ သိရမှာပါ"ဟု ဖြေကြားခဲ့သည်။

SD ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျံုးကတော့ "သမ္မတကြီးနဲ့ တွေ့ဆုံရာမှာတော့ ကျွန်တော်တို့ တစ်စုံတစ်ရာတော့ မျှော်လင့် ထားပါတယ်"ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

စက်တင်ဘာ ၉ရက်တွင် KIO ဒုုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အတွင်းရေးမှူး ဒေါက်တာ လဂျာတို့ အပါအဝင် ကိုယ်စားလှယ် ၅ ဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့မှ ခေါင်းဆောင် ၃ ဦး၊ NCCCT ခေါင်းဆာင် (၁)ဦးတို့က သမ္မတ နှင့် ဆွေးနွေးကြမည်ဖြစ် သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...