ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးမှုကော်မရှင်ထံ ကြံ့ခိုင်ရေးပါတီ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးမှုကော်မရှင်ထံ ကြံ့ခိုင်ရေးပါတီ တိုင်ကြား
by -
မဇ္ဈိမ
မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်၍ မကျေလည်မှုများဖြစ်ပေါ်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ စက်တင်ဘာ ရရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အပြန်အလှန်တိုင်ကြားထား သည်ဟု ပြည်တောင်စုနယ်မြေ (နေပြည် တော်ကောင်စီနယ်မြေ) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ထက်ကျော်က ပြောသည်။

“NLDက ဦးမြင့်လှိုင်ကို တိုင်တယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဒေါ်စုကို တိုင်တယ်။ မဲဆွယ်စည်းရုံးတဲ့ ကိစ္စတွေပဲပေါ့”ဟု ဦးအောင်ထက်ကျော် က ပြောသည်။

ဦးအောင်ထက်ကျော်က ထိုသို့ အပြန်အလှန်တိုင်ကြားသည်ဟု ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားသူမှာ ဦးကျော်ဝင်းဖြစ်သည်။ လယ်ဆည် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဦးကျော်ဝင်းမှာ မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀)တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။

မဇ္စျိမက ရရှိထားသည့် NLD ၏ တိုင်ကြားစာတွင် “ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ကျင့်သုံး ဆောင်ရွက်ရာတွင် တရားမျှတမှု မရှိသောကြောင့် စုံစမ်းစစ်ဆေး၍ လိုအပ်သလို အရေးယူပေးပါရန် တိုင်ကြားခြင်း”ဟု ခေါင်းစဉ်တပ်ကာ ဦးမြင့်လှိုင်အား မဲပေးရန် ရေးသားထားသော ထီး၊ ယပ်တောင်များ ပေးဝေသည့် ဓာတ်ပုံမှတ်တမ်းများဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား တိုင်ကြားထားသည့်စာကိုမူ ရရှိခြင်း မရှိပေ။ သို့သော် ဩဂုတ် ၃၀ရက်က နေပြည်တော်ရှိ နေရာ(၅)ခုတွင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောထားသည်။

ယခုကဲ့သို့ အပြန်အလှန်တိုင်ကြားမှုများကို “UECကပဲ ဆုံးဖြတ်လိမ့်မယ်၊ တိုင်တာက UEC ကို လိပ်မူပြီး တိုင်တာ၊ ကျွန်တော်တို့ကို တိုင်တာ မဟုတ်ဘူး။ ကျွန်တော်တို့ကို မိတ္တူပေးတာ" ဟု ဦးအောင်ထက်ကျော်က ဆိုသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...