“ဒီကျောင်းက တိုက်ရိုက်တက်လို့ရတဲ့ Program လည်း ရှိသလို၊ Pathway Program တွေလည်း ရှိတယ်။ အခု သူတို့ ရတဲ့ ပညာသင်ဆုပုံစံက ကျောင်းကို အရင်ဝင်ခွင့်လျှောက်တာ ဖြစ်တယ်။ ကျောင်းဝင်ခွင့်ရတော့မှ အက်ဆေးတွေ ဘာတွေရေးပြီး ပညာသင်ဆုအတွက် ထပ်လျှောက်ရတဲ့ ပုံစံမျိုး ဖြစ်တယ်။ ဒီခေတ် ငွေပေါက်စျေးနဲ့ဆို တစ်ယောက်ကို သိန်း ၁၀၀ ကျော် သိန်း ၁၄၀ လောက် သက်သာသွားတယ်” ဟု CROWN Education မှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပညာသင်ဆုကို မအေးမြတ်သန္တာမြင့်နှင့် မစုစန္ဒီမြင့်အောင်တို့က တစ်နှစ်စာ ပညာ သင်ကျောင်းလခ၏ ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
“သမီးက UK က University of Huddersfield မှာ MBA သွားတက်မှာပါ။ မြန်မာပြည်မှာ တော့ BA, EPP နဲ့ ကျောင်းပြီးထားပြီး Assistant Manager တစ်ယောက်အဖြစ် လုပ်ငန်းခွင် အတွေ့အကြံု ၂ နှစ် ရှိပါတယ်။ University of Huddersfield နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို CROWN EDUCATION ကနေ အကုန်သိရပါတယ်။ ဒီမှာ ဖုန်းဆက် စုံစမ်းတော့လည်း အားလုံးက မေးရမြန်းရ စုံစမ်းရတာ အဆင်ပြေတယ်။ ကိုယ်လိုတာတွေ အကုန် ဒီကနေသိရတယ်”ဟု မအေးမြတ်သန္တာမြင့်က ပြောသည်။
၎င်းသည် University of Huddersfield တွင် MBA တစ်နှစ် တက်ရောက် သင်ယူရမည်ဖြစ်ပြီး မစုစန္ဒီမြင့်အောင်မှာ Banking and Finacne MSc ကို တစ်နှစ်တက်ရောက် သင်ယူရမည် ဖြစ်သည်။
CROWN Education က နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်နှင့် ပညာသင်ဆု အစီအစဉ်များ၊ သမ္မတ ပညာသင်ဆု အစီအစဉ်များကို အခမဲ့ လျှောက်ထားပေးနေပြီး ယခုနှစ်အတွင်း ပညာသင်ဆုများ ပိုမိုရရှိလာကြောင်း သိရသည်။
“ကျောင်းဝင်ခွင့်တွေ ပညာသင်ဆုတွေအတွက် နိုင်ငံတကာ တက္ကသိုလ်တွေက သီးသန့်သတ် မှတ်ထားတဲ့ စံနှုန်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားအများစု အခက်အခဲ တွေ့နေ တာက အဆင့်သုံးဆင့်မှာ ကိုယ်စိတ်ကူး ရည်မှန်းထားတဲ့ ဘာသာရပ်နဲ့ တကယ့် တက္ကသိုလ်က ဝင်ခွင့်ပေးတာနဲ့က ကိုက်ညီချင်မှ ကိုက်ညီပါမယ်။
တက္ကသိုလ်တွေက တောင်းလေ့ရှိတာ ၂ ခု ရှိတယ်။ Business နဲ့မဆိုင်ရင် Graduate Record Exam(GRE) တောင်းတယ်။ Business ဆိုင်ရင် Graduate Management Admission Test(G Mat) တောင်းတယ်။ အဲ့ဒါတွေကို ပြင်ဆင်မယ်ဆိုရင်တောင် အချိန်က တစ်နှစ်ခွဲ နှစ်နှစ်လောက် ထပ်ပြင်ဆင်ရဦးမယ်”ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံအရာရှိ ဦးအောင်ကျော်ဆန်းက ပြောသည်။







