ပုသိမ်ကြီးမြို့ လမ်းဘေးဝဲယာတွင် ရောင်းချလျက်ရှိသော ပျိုးဥယျာဉ်ခြံများအား စက်တင်ဘာ ၅ ရက်နောက်ဆုံးထား ဖယ်ရှားခိုင်း

ပုသိမ်ကြီးမြို့ လမ်းဘေးဝဲယာတွင် ရောင်းချလျက်ရှိသော ပျိုးဥယျာဉ်ခြံများအား စက်တင်ဘာ ၅ ရက်နောက်ဆုံးထား ဖယ်ရှားခိုင်း
by -
မဇ္ဈိမ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ အဝင် လမ်းဘေးဝဲယာတွင် ရောင်းချလျက်ရှိသော ပျိုးဥယျာဉ် ခြံများကို စက်တင်ဘာ ၅ ရက်တွင် ဖယ်ရှားပေးရန် ပုသိမ်ကြီးမြို့နယ် လမ်းဦးစီးဌာနက သြဂုတ် ၂၈ရက်နေ့တွင် အကြောင်းကြားစာများပေးပို့နေသည်ဟု အကြောင်းကြားစာပေးပို့ခံရသော ပျိုးခြံပိုင်ရှင်များက ပြောသည်။

အဆိုပါ ပျိုးပင်အရောင်းဆိုင်များသည် လမ်းမြေပေါ် ကျူးကျော်ဖွင့်လှစ်သည်ဟုဆိုကာ ပုသိမ်ကြီး မြို့နယ် လမ်းဦးစီးဌာနမှ ဖယ်ရှားပေးရန် အကြောင်းကြားစာများ ပေးပို့နေခြင်း ဖြစ်သည်။ သို့သော် ဖယ်ရှားပေးမည် မဟုတ်ဘဲ ဆက်လက် ဖွင့်လှစ်ခွင့်ရရန် ၀န်ကြီးချုပ်ဆီ စာတင်သွားမည်ဟု အကြောင်းကြားစာပေးပို့ ခံရသူ အောင်ပျိုးပင် ရောင်းဝယ်ရေးမှ မအေးခိုင်က ဆိုသည်။

၎င်းက “အခုဖွင့်တာကလဲ မြင်တဲ့အတိုင်းပဲ လမ်းပေါ်တက်ပြီး ဖွင့်တာမဟုတ်ဘူး။ ပြီးတော့ အဆောက် အဦးတွေ ဘာတွေဆောက်ပြီး ဖွင့်တာလဲမဟုတ်ဘူး။ ဒီပျိုးပင်လေးတွေ ချရောင်းတာပါ။”ဟု  ပြောသည်။

အဆိုပါ လမ်းဘေးတွင် ပျိုးပင် အရောင်းဆိုင် ၃၀ ကျော်နှင့် ထရံလုပ်ငန်း လုပ်ကိုင်သူများ၊ ကွန်ကရစ်တိုင် လုပ်ငန်းလုပ်ကိုင်သူများ၊ ဘဲမွေးမြူရေးလုပ်ကိုင်သူများရှိနေသော်လည်း ဖယ်ရှား ပေးရန် ပျိုးပင် အရောင်းဆိုင် ၁၂ ဆိုင် ကိုသာ အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ် သည်။

အောင်မြင့်မိုရ် ပျိုးပင်ရောင်းဝယ်ရေးမှ ဦးအေးချိုက  “တပြေးညီ ဖယ်ခိုင်းရင် ဘာမှပြောစရာမရှိဘူး။ အခုဟာက ကျွန်တော်တို့ ၁၂ ဆိုင်ကိုပဲ စာပို့တယ်ဆိုတော့ ဘက်လိုက်သလို ဖြစ်နေတယ်”ဟု ပြော သည်။

လမ်းဦးစီးဌာနကမူ အဆိုပါ အရောင်းဆိုင်များသည် ကျူးကျော် ဖွင့်လှစ်ခြင်းကြောင့် ဖယ်ရှားခိုင်း ခြင်းဖြစ်သည်ဟု ဆိုသည်။
 
ပုသိမ်ကြီးမြို့နယ်၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ)က “ကျွန်တော်တို့ထိန်းသိမ်းတဲ့ လမ်းနယ်န မိတ်ထဲ ကျူးကျော်ဖွင့်နေလို့ဖယ်ရှားခိုင်းတာပါ။ သတ်မှတ်ရက်အတိုင်း ဖယ်မပေးဘူးဆိုရင်တော့ လမ်မကြီးများ ဥပဒေနဲ့ တရားစွဲသွားမယ်။”ဟု ပြောသည်။

အကြောင်းကြားစာပေးပို့သည့်အထဲတွင် မပါဝင်သည့် ပန်းပုံရိပ် ပျိုးပင်ရောင်းဝယ်ရေးခြံမှ ဦးထွန်းလင်း ကလည်း “ ချက်ခြင်းပျိုးပင်တွေရွှေ့ဖို့ဆိုတာလည်း မလွယ်ဘူး။ အဓိက နေရာရှိဖို့လိုတယ်။ ဒီနေရာက လည်း ပျိုးခြံတွေအားလုံး ဝိုင်းရှင်းပြီးမှ လုပ်ထားတာပါ။ ဖယ်မပေးရဖို့တော့ ဆိုင်အားလုံး လက်မှတ်ထိုးပြီး ဝန်ကြီးချုပ်ဆီကို အသနားခံစာတင်ဖို့ လုပ်နေကြပါတယ်။”ဟု ပြောသည်။

အဆိုပါ ပျိုးပင်ရောင်းဝယ်ရေးခြံများမှ စက်တင်ဘာ  ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ  လက်မှတ်များရေးထိုး၍  အသနားခံစာတင်သွားမည်ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...