သြဂုုတ်လ ၂၅ ရက် နံနက် ၁၀ နာရီခွဲချိန်တွင် ရှမ်းပြည်နယ်တောင်ပုုိင်း ကွန်ဟိန်းမြို့နယ်၏ တောင်ဘက် ဝမ်လာဝ်းကျေးရွာ အုုပ်စုုအနီးနှင့် ခုုိလမ်ဘက် ဆုုိင်ခေါင်ကျေးရွာအနီးတုုိ့တွင် အစုုိးရ၏ ကွန်ဟိန်း အခြေစုုိက် ခလရ တပ်ရင်း ၂၄၆ လက်အောက်ခံ တပ်ဖွဲ့နှင့် RCSS တပ်တုုိ့အကြား တုုိက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့ပြီး အစုုိးရ စစ်တပ်ဘက်မှ ၁ ကျဆုံုးကာ ၅ ဦးဒဏ်ရာ ရရှိခဲ့သည်ဟုု သူက မဇ္ဈိမကုုိ ပြောသည်။
“ကျနော်တုုိ့ မြို့ထဲမှာ သွားလှုပ်ရှားမှာ မဟုုတ်ဘူး။ ကျနော်တုုိ့တောထဲမှာဘဲ လှုပ်ရှားမယ်။ ထုုိ့အတူ နှစ်ဘက် စစ်ဘက် ဆုုိင်ရာ လှုပ်ရှားမှု လုုပ်ကြတော့မယ်ဆုုိရင် နှစ်ဖက် အပြန်အလှန်အကြောင်းကြား ပြီးတော့ ဆောင်ရွက်ကြပါဆုုိတဲ့ အပေါ်မှ အစုုိးရက မလုုိက်နာတဲ့အတွက် တုုိက်ပွဲဖြစ်ရပါတယ်”ဟုု ဗုုိလ်မှူးကြီး စုုိင်းလက ပြောသည်။
အစိုုးရ စစ်တပ်က နယ်မြေစုုိးမုုိးရေး၊ နယ်မြေရှင်းလင်းရေးဆုုိသော ခေါင်းစဉ်ဖြင့် တောထဲသုုိ့ ဝင်ရောက် လှုပ်ရှားခြင်းကြောင့် တုုိက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟုု သူက ဆက်လက် ပြောဆုုိသည်။
ထုုိ့အပြင် အစိုးရစစ်တပ်က ဆုုိင်ခေါင် ကျေးရွာလူကြီးအပါအဝင် ရွာသား ရ ဦးကုုိလည်း ဖမ်းဆီးသွားခဲ့ပြီး ၎င်းတုုိ့ ပြန်လည် လွတ်မြောက်လာခြင်း ရှိမရှိ မသိရသေးကြောင်း သူက ဆုုိသည်။
ဖမ်းဆီးခံရသော ရွာသူကြီး လုံုးဟိန်နန္ဒနှင့် ရွာသား ရ ဦးတုုိ့သည် သြဂတ်လ ၂၆ ရက်က ပြန်လည် လွတ်လာပြီ ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဒေါ်နန်းဝါနု ဒီဗွီဘီကုုိ ပြောဆုုိထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေး လုုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC)တုုိ့ ပဏမ အပစ်အခတ် ရပ်စဲရေး သဘောတူညီစာချုပ်တွင် မိမိနယ်မြေအတွင်း လက်နက်ကုုိင်ဆောင်၍ သွားလာခြင်း မပြုရန် သုုိ့မဟုုတ် ဝင်ရောက်မည်ဆုုိပါက ကြိုတင် အကြောင်းကြားရန် ဟူသော အချက်များ ပါဝင်သည်။ သို့သော် ယခုုတုုိက်ပွဲဖြစ်ရခြင်းသည် အစုုိးရဘက်က ကြိုတင်အကြောင်းမကြားဘဲ ဝင်ရောက်လာခြင်းကြောင်း ဖြစ်သည်ဟုု သူက ပြောသည်။
အစိုးရ နှင့် RCSS တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထုုိးခဲ့သည့် ၂၀၁၁ ဒီဇင်ဘာလ ၂ရက်မှ ယခုထိ ၄ နှစ်ကျော်ကြာ ကာလအတွင်း အစုုိးရနှင့် တုုိက်ပွဲပေါင်း ၂၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟုု သိရသည်။
RCSS အနေဖြင့် တုုိက်ပွဲများကြောင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး ထိခုုိက်မှု ရှိမည်မဟုတ်ဘဲ ဆုံုးဖြတ်ချက်အတုုိင်း တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးကုုိ လုုပ်ဆောင်သွားမည်ဟုသူက ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထုုိးရန် ဖိတ်ခေါ်ချက်ကုုိ RCSS အပါအဝင် ကရင်အမျိုးသားအစည်းအရုံုး (KNU )၊ ဒီမုုိကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ကရင်ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC ) တုုိ့ လက်မှတ်ရေးထုုိးရန် ဆုံုးဖြတ်ကြောင်း သြဂုုတ်လ ၁၇ ရက်က ကြေငြာချက် ထုုတ်ပြန်ထားသည်။







