မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့်တိုင်း ၁၀ခုတွင် ရေကြီးမှုကြောင့် တိရစ္ဆာန်သေဆုံး၊ ပျက်ဆီးမှု ကျပ်သန်း ငါးထောင်ကျော်ရှိ

မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့်တိုင်း ၁၀ခုတွင် ရေကြီးမှုကြောင့် တိရစ္ဆာန်သေဆုံး၊ ပျက်ဆီးမှု ကျပ်သန်း ငါးထောင်ကျော်ရှိ
by -
မဇ္ဈိမ
ဇွန်လ၊ ဇူလိုင် နှင့် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀)ခုမှ တောင်သူများ၏ ကျွဲ၊ နွားတစ်ထောင် နီးပါးသေဆုံးခဲ့ပြီး ဆုံးရှုံးမှု ကျပ်သန်း ငါးထောင်ကျော်ရှိသည်ဟု သြဂုတ်လ၂၆ရက်က နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာရုံးတွင် ကျင်းပြလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရေဘေးသင့်ဒေသများတွင် တိရစ္ဆာန် ပျက်ဆီးဆုံးရှုံးကို စာရင်းကောက်စိစစ်ရေးအဖွဲ့ဖြင့် လိုက်လံကောက်ခံလျက်ရှိသည်ဟု ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။

“အခုဆုံးရှုံးတာက မှန်ကန်မှုဘယ် လောက်ရှိလဲဆိုတာကို ကျွန်တော်တို့ဆီက ဌာနဝန်ထမ်းများက ကျွန်တော်တို့ ရုံးချုပ်က ဦးဆောင်တဲ့အဖွဲ့နဲ့ နောက် ဒေသမှာ ရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်း ပြီးတော့ ရွာရဲ့စာရင်းအတိအကျနဲ့ စိစစ်ပါတယ်။ အဲ့ဒီစိစစ်ချက်အရ ကျွန်တော်တို့ ဒါ ထပ်တိုးလာပါ တယ်။ နေ့စဉ်နဲ့အမျှမှာ။ ဒါပေမယ့် အများကြီး ကွာဟချက် မရှိပါဘူး"ဟု မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၀)ခုရှိ မြို့နယ် (၅၄)ခုတွင် သြဂုတ်လ ၂၄ ရက်အထိ နွားကောင်ရေ ၅၇၀၁ ကောင်၊ နွားနောက်ကောင်ရေ ၁၃၄ ကောင်၊ ကျွဲကောင်ရေ ၃၀၀၅ ကောင် သေဆုံးခဲ့သည်။

ထုုိ့အပြင် အသားထုတ်လုပ်သည့် တိရစ္ဆာန်များဖြစ်သည့် သိုးဆိတ် ၄၃၄၁ ကောင်၊ ဝက် ၆၆၈၄ကောင်၊ ကြက် ၂၁၈,၇၀၆ ကောင်၊ ဘဲ ၃၉၈၃ကောင်၊ မြင်း ၂၉ ကောင်၊ မွေးမြူရေခြံ ၃၂၅ ခြံ ၊ တိရစ္ဆာန်အစာ ၂၂၄၈၈ ပိဿာ၊ ပျားအုံ ၅၆၆ အုံ ပျက်ဆီးခဲ့ပြီး စုစုပေါင်းခန့်မှန်တန်ဖိုးကျပ် (၅၄၁၆.၂၈၈)သန်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခု၏ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးအဆောက်အဦ နှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းစသည်များ ပျက်ဆီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ် ၂၈.၃၈သန်း ရှိသည်ဟု ဆိုသည်။

ရေဘေးအတွက် ပြန်လည်ကယ်ဆယ် ကုသရေး နှင့် ပတ်သက်၍ တိရစ္ဆာန်များအတွက် သတ်မှတ်ရာသီ၌ ဖြစ်ပွားသည့် ရောဂါများအပြင် နဂိုရောဂါများကိုလည်း စောင့်ရှောက်မှု အနည်းဆုံး ၃လ ပေးသွားမည်ဟု ညွှန်ကြားမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...