ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဝန်ကြီးဌာန နှစ်ခုရ

ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဝန်ကြီးဌာန နှစ်ခုရ
by -
မဇ္ဈိမ
မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၄၀၀ ချေးယူခွင့်အား သြဂုတ်လ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ကမ္ဘာ့ဘဏ်မှ ချေးငွေအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဒေါ်လာ သန်း ၃၁၀ ရရှိမည်ဖြစ်ပြီး မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကမူ သန်း ၉၀ ရရှိမည်ဖြစ်သည်။ အဆိုပါချေးငွေအတွက် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စား(၇)ဦးက ဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်၏ ဆန္ဒကို ရယူခဲ့ရာတွင် မွေးရေဝန်ကြီးဌာနအတွက် ချေးယူ ရန် ထောက်ခံမဲ ၄၇၈မဲ၊ ကန့်ကွက်မဲ ၄မဲ၊ ကြားနေမဲ ၁မဲဖြင့် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။ လျှပ်စစ်ဝန်ကြီးဌာနအတွက်မူ ထောက်ခံမဲ ၄၇၉မဲ၊ ကန့်ကွက်မဲ ၃မဲ၊ ကြားနေမဲ ၁မဲဖြင့် အတည်ပြုလိုက်သည်။

“အားလုံးကို တွက်ချက်ပြီးတဲ့အခါ ကျွန်တော်တို့ သုံးသပ်ဆုံးဖြတ်ချက်အရ ကျွန်တော်တို့ဟာ ကြွေးမှီဟာဆိုရင် လက်ရှိအနေအထားအရ ခံနိုင်ရည်ရှိသေးတယ်။ ငွေချေးလို့ရသေးတယ်။ အထူးသဖြင့် အတိုးနှုန်းနည်းပြီးတော့ နှစ်ရှည်ကြွေးမှီ ဆိုလို့ရှိရင် ချေးလို့ရသေး တယ်။ နိုင်ငံတိုးတက်မှုအတွက် လိုတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိသုံးသပ်ဆုံးဖြတ်လို့ရပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ထောက်ခံဆွေးနွေး သွားခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကမူ မွေး/ရေ ဝန်ကြီးဌာနက ချေးတဲ့ကိစ္စသည် ကျေး လက်ဒေသမီးလင်းရေးအတွက် အလွန်ကောင်းသော်လည်း ဒေါ်လာသန်း ၉၀ ဆိုသည့် ပမဏသည် နည်းသည့် ပမာဏ မဟုတ်ကြောင်းနှင့် လျှပ်စစ်ဝန်ကြီးဌာနကို ပြန်ကြည့်မည်ဆိုလျင်လည်း ဝန်ကြီးဌာနအားလုံးထဲတွင် အကြွေးအမယ် အများဆုံး ဝန်ကြီးဌာနဖြစ်ကြောင်း ထောက်ပြဆွေးနွေးသွားသည်။

ကမ္ဘာ့ဘဏ်က ရရှိမည့် ချေးငွေထဲမှ သန်း ၃၀၀ ကို ဓာတ်အားစနစ်(National Grid) တိုးချဲ့ရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကျန်အမေရိကန်ဒေါ်လာ သန်း ၁၀၀ အား ဓာတ်အားလိုင်း စနစ်အတွက် နည်းပညာအကူအညီ အထောက်အပ့ံ၊ ဓာတ်အားစနစ်ပြင်ပ (Off grid) တွင် ဆောင်ရွက်ရသော လုပ်ငန်းများ၊ ဓာတ်အားလိုင်းပြင်စနစ်အတွက် နည်းပညာအကူအညီ အထောက်အပ့ံများအတွက် အသုံးပြုမည်ဟု ဝန်ကြီးဌာန နှစ်ခုပေါင်း၍ လွှတ်တော်ကို ရှင်းလင်းခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အတိုးနည်းချေးငွေဖြင့် မြန်မာနိုင်ငံ ပင်မလျှပ်စစ်ဓာတ်အားရရှိရေး ပထမ ၅နှစ် စီမံကိန်းလည်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

“အခုချေးမယ့် လေးရာနဲ့ လုပ်မယ့်အထဲမှာ မွေး/ရေက ၃၁၈၅ ရွာ၊ လျှပ်စစ်က ၅၂၇၉ ရွာ ငါးနှစ်အတွင်းမှာ လုပ်မယ်ဆိုတာ သိရပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်းမှုကော်မတီဝင် ဦးမောင်တိုးက လွှတ်တော်တွင် ပြောသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...