ထားဝယ်အညာဖျား ရေအား လျှပ်စစ် စီမံကိန်းအား ဒေသခံများနှင့် ကုမ္ပဏီတို့ လက်ခံနိုင်မည့်ပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်နိုင်ဟုဆို

ထားဝယ်အညာဖျား ရေအား လျှပ်စစ် စီမံကိန်းအား ဒေသခံများနှင့် ကုမ္ပဏီတို့ လက်ခံနိုင်မည့်ပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်နိုင်ဟုဆို
by -
မဇ္ဈိမ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အရှေဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် အညာဖျား ရေအား လျပ်စစ်စီမံကိန်းအား ဒေ သခံပြည်သူများနှင့် ယင်းစီမံကိန်းအား အကောင်အထည်ဖော်မည့် ကုမ္ပဏီတို့ ကျေနပ်လက်ခံနိုင်မည့်အပေါ်မူတည်၍  ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမော်သာထွေးက သြဂုတ် ၂၄ ရက်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းက "ဒေသခံကျေးရွာပြည်သူများနဲ့ လုပ်ငန်းဆောင်ရွက်ရ မည့် ကုမ္ပဏီ တို့ကို တိုင်းဒေသကြီးအစိုးရအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ကနေ့အထိ ပြေလည်မှု မရရှိသေးလို့ သိရပါတယ်"ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး  လောင်းလုံမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက အညာဖျားရေအား လျှစ်စစ်စီမံကိန်း ဘာကြောင့်ရပ်ဆိုင်းခဲ့ရပါသလဲနှင့် ယင်းစီမံကိန်းအား ပုဂ္ဂလိက လုပ်ငန်းရှင်အဖြစ်သော်၎င်း၊ အစိုးရအနေဖြင့်သော်၎င်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှိ မရှိ သိရှိလိုကြောင်း မေးမြန်းရာတွင် ဒုတိယ ဝန်ကြီး ဦးမော်သာထွေးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

တနင်္သာတိုင်းဒေသကြီးတွင် အဓိကလိုအပ်ချက်မှာ လျှပ်စစ်ဖြစ်ပြီး ပြီးခဲ့သည့် အစိုးရ သက်တမ်း တလျောက်တွင် အင်ဂျင်ဖြင့်ပေးသည့် လျှပ်စစ်ဓါတ်အားကို တစ်ယူနစ် ၅၀၀ ကျပ်ဖြင့် သုံးစွဲခဲ့ရ ကြောင်း၊ လျှပ်စစ်ကို ချိုသာသည့် စျေးနှုန်းဖြင့် ပြည်မနှင့် နည်းတူ သုံးစွဲခွင့် ရရန်အတွက်ဆိုလျှင် ရေအားလျှပ်စစ်မှသော်၎င်း မဟာဓာတ်အားလိုင်းမှသော်၎င်း ရရှိမှသာ စျေးသက်သာမည်ဖြစ်သည့် အတွက်ကြောင့် ယင်းမေးခွန်းအား မေးမြန်းရခြင်းလည်း ဖြစ်ကြောင်းလည်း ဦးအောင်စိုးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းကို သဘာဝ စွမ်းအင်လှိုင်း ကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် လုပ်ငန်းများကို စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယင်းစီမံကိန်း အကောင်အထည် ဖော်ရာတွင်  ကျေးရွာအချို့ ပြောင်းရွှေ့ရမည် ဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက် နိုင်ခြင်း၊ ရေနစ်မြုပ်နိုင်ခြင်း စသည်ဖြင့် ဒေသခံပြည်သူများ နစ်နာမှုများ ရှိစေ၍ ဒေသခံ ၁၃၉၈ ဦးက လက်မှတ်ရေးထိုး၍  နိုင်ငံတော်သမ္မတထံ အသနားခံ တင်ပြလာခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ  ညှိနှိုင်းဆောင်ရွက်ဆောင်ရွက်ပေးသော်လည်း ပြေလည်မှု မရရှိသေးဟုလည်း ဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

အညာဖျား ရေအားလျှပ်စစ်မံကိန်းကို အစိုးရနှင့် DELCO ကုမ္ပဏီတို့  ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် နားလည်မှု စာချွန်လွာ (MOU ) လက်မှတ်ရေးထိုးခဲ့ပြီး  ယင်းသဘောတူချက်အရ စီမံကိန်း အချိန်မီ ပြီးစီးရေးအတွက်  သဘာဝစွမ်းအင်လှိုင်းကုမ္ပဏီအမည်ဖြင့် ကုမ္ပဏီအသစ်ဖွဲ့စည်၍ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း ဝန်ကြီး၏ ဖြေကြားမှုတွင် ပါဝင်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...