ရေခဲတောင်များအရည်ပျော်ကာ ကချင်ပြည်နယ်တွင် နယ်စပ်ဖြတ်ကျော် ရေကြီးမှုဖြစ်ပွားနိုင်ဟု သတိပေး

ရေခဲတောင်များအရည်ပျော်ကာ ကချင်ပြည်နယ်တွင် နယ်စပ်ဖြတ်ကျော် ရေကြီးမှုဖြစ်ပွားနိုင်ဟု သတိပေး
by -
မဇ္ဈိမ
ဟိမဝန္တတောင်တန်းမှ ရေခဲများ အရည်ပျော်မှုကြောင့် ကချင်ပြည်နယ်တွင် နယ်စပ်ကျော်ဖြတ်ရေကြီးမှု ဖြစ်ပွားရန် နီးနေပြီဟုု မုုိးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သြဂုတ်လ ၂၃ ရက်က သတိပေးလုုိက်သည်။

သဘာဝ မဟုုတ်သည့် ရေကန်များ ဟိမဝန္တာတောင်များပေါ်တွင် အများအပြားပေါ်လာပြီး ထုုိရေကန်များသည် မြေသားခုုိင်မာမှု မရှိသည့် အောက်ခံမြေပြင်ပေါ်သုုိ့ သဘာဝ မဟုုတ်ဘဲ မုုိးသည်းထန်လာပါက မြေပြိုကျတတ်သဖြင့် မြစ်ကြီးနားမြို့တွင် ရေကြီးနုုိင်သည်ဟုု သူက ပြောဆုုိထားသည်။

“ကမ္ဘာကြီးပူနွေးမှုကြောင့် ဟိမဝန္တာကရေခဲတွေက အများကြီး အရည်ပျော်ကြကုန်တော့ ပျော်ကြတဲ့ ရေခဲရေတွေဟာ အနိမ့်ပိုင်းတွေများ စုဆောင်းမိကြပြီး သဘာဝမဟုတ်တဲ့ ရေကန်တွေ (Artificial Lakes)တွေ ဟိမဝန္တာတောင်တွေပေါ်မျာ အများကြီးပေါ်လာတယ်။ အဲဒီရေကန်တွေဟာ မြေသား ခိုင်မာမှု မရှိတဲ့ အောက်ခံမြေပြင်ပေါ်မှာ သဘာဝမဟုတ်ဘဲ တည်ရှိလာနေကြတာဖြစ်တဲ့အတွက် အခုနှစ်လို ဟိမဝန္တာတောင်တွေပေါ်မှာ မိုးသည်းထန်လာရင် ကန်အောက်ခံမြေတွေဟာ ပြိုကျတတ်ပါ တယ်။ ဒီအခါ ကန်တွေထဲက စုဆောင်းထားတဲ့ များပြားလှတဲ့ ရေတွေဟာ တောင်ဆင်ခြေလျော တလျှောက် အရှိန်အဟုန်နဲ့ စီးဆင်းလာတတ်ကြပါတယ်။ ရေစီးနှုန်းပြင်းထန်လွန်းလို့ တောင်ပေါ်ဆူနာမီ (Mountain Tsunami) လို့တောင်ခေါ်ကြပါတယ်”ဟုု ဦထွန်းလွင်၏ ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုုိ့အပြင် ကချင်ပြည်နယ်တွင် သတိရှိကြရန် ပညာရှင်များ သတိပေးနေပြီး၂၀၀၄ ခုုနှစ် ဇူလုုိင်လက မြစ်ကြီးနားမြို့တွင် တစ်နေ့ထဲနှင့် ရေ ၂၄ ပေ ကျော်တက်သွားသဖြင့် မြစ်ကြီးနားမြို့ ရေမြှုပ်သွားခဲ့ဖူး သည်ဟုု သူ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် ရေဖုံုးလွမ်းခံရမှု (ရေကြီးမှု) ၆ မျိုးရှိပြီး ၄င်းတုုိ့သည် (၁)ကျယ်ပြန့်ရေကြီးမှု၊ (၂)လျှပ်တပြတ်ရေကြီးမှု၊ (၃)ဆူနာမီရေကြီးမှု၊ (၄)မုုန်တုုိင်းဒီနေရ ရေကြီးမှု၊ (၅)လူလုုပ်ရေကြီးမှုနှင့် (၆)နယ်စပ်ကျော် ဖြတ်ရေကြီးမှုဟူ၍ ခွဲနုုိင်ပြီး ထုုိအထဲမှ ကျယ်ပြန်ရေကြီးမှု၊ လျှပ်တပြတ်ရေကြီးမှုနှင့် လူလုုပ်ရေကြီးမှုတုုိ့သည် ဖြစ်ပြီးနေပြီ ဖြစ်ပြီး နယ်စပ်ကျော်ဖြ တ်ရေကြီးမှု ဖြစ်ပွားရန် နီးနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြစ်ကြီးနားမြို့တွင် ရေကြီးမည်ဟူသော သတင်းမှာ အင်တာနက် လူမှုကွန်ယက်ပေါ်မှ သိရသော်လည်း ယခုုထိ အစုုိးရဘက်မှ တစုံုတရာ သတိပေးမှု မရှိသေးသလိုု၊ စုုိးရိမ်မှုများလည်း မရှိသေးကြောင်း စီတာပူရပ်ကွက်မှ ကျောက်မျက်ရတနာ လုုပ်ငန်းရှင်များအသင်း မှ ဒုု-ဥ-က္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။

“ဖေ့ဘုုတ်မှာတော့ တွေ့တယ်။ တခြားလူတွေ ဘယ်သူမှ ဘာမှသတိပေးတာ မရှိသေးဘူး။ စီတာပူမှာက မနောကွင်းတွေ လူ ၂ ရပ် ၃ ရပ်လောက် မြှုပ်သွားတယ်။ ၃ ရက်လောက်ကြာ ရေတွေ မြှုပ်သွားတယ်။ ကုုန်းဘက် တာရိုးတွေကျော်ခဲ့တယ်။ အခုုချိန်ထိ ရေလည်း မကြီးတော့ စုုိးရိမ်တာ မရှိသေးဘူး။ မေခမြစ်တော့ နည်းနည်းကြီးလုုိ့ ဧရာဝတီမြစ် နည်းနည်းကြီးတာဘဲရှိတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

ပြီးခဲ့့သည့် ဇူလုုိင်လအတွင်းကလည်း ကချင်ပြည်နယ် မုုိးကောင်းမြို့တွင် မုုိးဆက်တုုိက် ရွာသွန်းသဖြင့် ရေကြီးမှုဖြစ်ပွားခဲ့သဖြင့် ၅ ရက်ခန့်ကြာ ရေဘေးနှင့် ရင်ဆုုိင်ခဲ့ရကာ မြစ်ကြီးနားနှင့် မန္တလေး တံလမ်းများ ပျက်ဆီးကာ မီးရထားခရီးစဉ်များကုုိ ရပ်ဆုုိင်းခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်မှ သြဂုုတ် ၂၂ ရက်ထိ မြန်မာနုုိင်ငံတဝှမ်း ရေကြီးမှု ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၁၀၀ ကျော် သေဆုံုးခဲ့ကာ ရေဘေးဒုက္ခသည် ၁ သန်းခွဲကျော်ရှိခဲ့သည်ဟုု နုုိင်ငံပုုိင်သတင်းစာတွင် ဖော်ပြထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...