ဧရာဝတီတိုင်းအတွင်း ပြည်သူ့ဝန်ဆောင်မှုရုံးများဖွင့်ထား

ဧရာဝတီတိုင်းအတွင်း ပြည်သူ့ဝန်ဆောင်မှုရုံးများဖွင့်ထား
by -
မဇ္ဈိမ
ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်မြို့များတွင် မြို့နယ်အဆင့်ပြည်သူ့ဝန်ဆောင်မှုရုံးများအား သြဂုတ်လ တတိယအပတ်တွင် စတင်ဖွင့်လှစ်ထားကြောင်း တိုင်းဒေသကြီးအစိုးရရုံးမှ သတင်းရရှိပါသည်။

ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်း အင်းဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးလုပ်ငန်းနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့အား စုပေါင်းဖွင့်လှစ်ထားသည်။

"ပြည်သူတွေ တစ်ရုံးပြီးတစ်ရုံးသွားလုပ်ရမှာကို အဆင်ပြေပြီး တနေရာထဲမှာ လုပ်ငန်းလုပ်လို့ရအောင် စီစဉ်ပေးတာပါ။ အခု ခရိုင်အဆင့်မြို့တွေမှာ စတင်ဖွင့်လှစ်တာပါ၊ လ်ိုအပ်ချက်ရှိရင် ပြင်ဆင်ပြီးကောင်းအောင် ဆောင်ရွက်သွားမှာပါ၊ အခု ဖုန်းနဲ့ဖက်စ်ပဲရှိသေးတယ်၊ နောက်ပိုင်း အွန်းလိုင်းတွေပါ သုံးနိုင်အောင် လုပ်ဆောင်မှာပါ" ဟု အထွေထွေအုပ်ချုပ်ရေးရုံး မှ ညွန်ကြားရေးမှူး ဦးခင်မောင်လေးက မဇ္ဈိမသို့ ပြောသည်။

ပြည်သူ့ဝန်ဆောင်မှုဌာနကိုတွင် ဌာန ရခု တွဲဖွင့်လေ့ရှိသော်လည်း ပင်လယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် ငါးလုပ်ငန်းဦးစီးဌာနကိုပါ တွဲဖွင့်ထား၍ ဌာန ၈ခု ဖြစ်သည်။

ပြည်သူ့ဝန်ဆောင်မှုရုံးကို ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သာတ၊ ဖျာပုံနှင့် လပွတ္တာမြို့များတွင် သြဂုတ် ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ထားပြိီး ရုံးတာဝန်ခံအဖြစ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဆောင်ရွက်သည်။

ပြည်သူ့ဝန်ဆောင်မှုရုံး ငါးလုပ်ငန်းဦးစီးဌာတွင် အင်းနှင့်ပတ်သက်သည့် ပြဿနာများ၊ ကျန်းမာရေး ဦးစီးဌာနမှ ဖွားသေစာရင်း၊ ကျန်းမာရေးထောက်ခံချက်နှင့်တိုင်းရင်းဆေးဝါးနှင့်ဆိုင်သည့် လုပ်ငန်းများ၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် ကောက်ခံသည့် အခွန်အရပ်ရပ်အကြောင်း ပြည်သူများနှင့် ပြည်တွင်း ပြည်ပ စီးပွားသမားများ အချက်အလက်များသိရှိရန်၊ လ.ဝ.ကတွင် သန်းခေါင်းစာရင်းနှင့်ပတ်သက်သည်များ၊ အထွေထွေအုပ်ချုပ်ရေးဌာနတွင် ဌားရမ်းခြင်း၊ပွဲခွင့်ပြုခြင်း၊ အခွန်ကိစ္စများ၊ လျှပ်စစ်ဖြန့်ဖြူး ဌာနမှ မီတာလျှောက်ထားခြင်းကိစ္စများ၊ စည်ပင်သာယာဌာနတွင် မြို့နယ်လေလံဆိုင်ရာများ ဆောင်ရွက်ရန် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...