ရေဘေးသင့်သူ ၄၅၀,၀၀၀ကျော် အတွက် ရိက္ခာအကူအညီလိုအပ်နေဟု UNOCHA ထုတ်ပြန်

ရေဘေးသင့်သူ ၄၅၀,၀၀၀ကျော် အတွက် ရိက္ခာအကူအညီလိုအပ်နေဟု UNOCHA ထုတ်ပြန်
by -
မဇ္ဈိမ
ဇွန်၊ ဇူလိုင်၊ သြဂုတ်လပိုင်းအတွင်း မိုးကြီးကာ ရေလျံ၊ မြေပြိုမှုများကြောင့် ရေဘေးသင့်သူဦးရေများမှ ၄၅၀,၀၀၀ ကျော် စားနပ်ရိက္ခာအကူအညီ လိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားခြင်းစာနာ ထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) မြန်မာက သြဂုတ် ၂၃ရက်တွင် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်သည် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့ အတွင်း ရေဘေးသင့်ခဲ့သူများ၏ သြဂုတ် ၁၅ရက်မှ ၂၁ရက်အတွင်း အခြေအနေများကို ကောက်ယူထားသည့် စစ်တမ်းအတွင်းမှ ဖော်ပြခြင်းလည်းဖြစ်သည်။

၎င်းဒေသများမှ ရေဘေးသင့် ၁ ဒဿမ ၆သန်းမှ ၄၀၃,၀၀၀သာ ရိက္ခာအထောက်အပံ့ရရှိပြီး ၄၅၀,၀၀၀ ကျော်က ရိက္ခာအထောက်အပံ့များ လိုအပ်နေခြင်းဖြစ်သည်ဟုလည်း ပါရှိသည်။

စားနပ်ရိက္ခာအထောက်အပ့ံ လိုအပ်နေသည် ၄၅၀,၀၀၀ ကျော်မှ ၄၈,၀၀၀ သည် ချက်ချင်း စားနပ်ရိက္ခာထောက်ပံ့ပေးရန် လိုအပ်သည့် အခြေအနေတွင် ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

ရေဘေးသင့်ပြည်သူများအတွက် အရပ်ဖက်အဖွဲ့များစွာ၊ နိုင်ငံတစ်ကာအဖွဲ့အစည်းနှင့် နိုင်ငံတစ်ကာ အစိုးရတို့က ကူညီပံ့ပိုးမှုများစွာပေး အပ်နေသော်လည်း ရိက္ခာမရှိခဲ့သည့် နေရာများစွာကျန်ရှိနေခြင်း ဖြစ်သည်။

"အန်တီတို့ ရခိုင်ဖက်မှာ တော်တော်ဆိုးတယ်။ နေရာအများစုက မြို့ပေါ်လောက်ပဲ ရောက်တယ်လေ။ တစ်ခြား ရွာဖက်တွေမှာ တော်တော်လိုအပ်ချက်တွေရှိတယ်"ဟု ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက မြောက်ဦး၊ မင်းပြားသို့ ရေဘေးအကူအညီ သွားရောက်ပေးအပ်စဉ် မဇ္ဈိမကိုပြောသည်။

ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းအတွင်းဖြစ်ပေါ်ခဲ့သည့် ရေကြီး၊ မြေပြိုမှုကြောင့် ရေဘေးသင့်သူ စာရင်းမှာ သြဂုတ်လ ၂၁ရက်အထ ၁ ဒဿမ ၆သန်း၊ နေအိမ်စွန်ခွာရွှေ့ပြောင်းရသည့် အိမ်ထောင်စု ပေါင်း ၃၈၄,၉၀၀ နှင့် လယ်ဧကပေါင်း ၉၇၂,၀၀၀ အထိပျက်စီးဆုံးရှုံးခဲ့ သည်ဟု UNOCHA ဟု ထုတ်ပြန်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...