ဧရာဝတီတိုင်း ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုင်းအစိုးရ ဦးဆောင်မည်

ဧရာဝတီတိုင်း ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုင်းအစိုးရ ဦးဆောင်မည်
by -
မဇ္ဈိမ
ဧရာဝတီတိုင်းဒေသကြီး၊ ၁၉ မြို့နယ်မှ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို တိုင်းဒေသကြီးအစိုးရက ဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဦးဝင်းကိုက မဇ္စျိမကို ပြောသည်။

တိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုက “အခု တချို့မြို့ရေပြန်ကျပြီး၊ တချို့နေရာတွေ ရေပြန် တက်တာတွေရှိနေသေးတယ်။ လိုအပ်ချက်တွေတော့ ရှိနိုင်ပါတယ်။ ပြန်လည်ထူထောင်ရေးကို အစိုးရ အဖွဲ့ဝင် အားလုံးလုပ်နေတယ်”ဟု မဇ္စျိမကို ပြောသည်။

ရေဘေးသင့် ဒေသများတွင် အသုံးပြုနိုင်ရန်  ကျပ် ၈၃၄ သိန်းနှင့် အမေရိကန်ဒေါ်လာ၂၀,၉၀၀ အား အလှူရှင်များက ဧရာဝတီတိုင်း ဒေသကြီးအစိုးရသို့ ပေးလှူထားသည်။ ယင်းအပြင် တိုင်းအစိုးရမှ မျိုးစပါး ၄၄၉,၈၆၆ တင်း  စုဆောင်းထားပြီးဖြစ်သည်။

တိုင်းအတွင်း ၁၉ မြို့နယ်တွင် ရေကြီးနစ်မြှုပ်ပြီး၊ အိမ်ထောင်စု  ၁၂၀,၀၀၀ နီးပါးနှင့် လူဦးရေ ၄၈၀,၀၀၀ ကျော်  ရေဘေးသင့်ခဲ့ပြီး၊ လယ်ဧက သုံးသိန်းကျော် ရေနစ်မြှုပ်ခဲ့ကာ ဧက ၆၈,၀၀၀ ပျက်စီးခဲ့သည်။ ယင်းအပြင် ကမ်းပါးပြိုကျမှုကြောင့် စာသင်ကျောင်း ခုနစ်ကျောင်း ပျက်စီးခဲ့သည်။

ကျောင်းများ ပြန်လည်ထူထောင်ရေးအတွက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက “ပညာရေးဌာန အသေးစိတ်အချက် အလက် စာရင်းကောက်နေတယ်။ ပျက်သွားတာတွေ အသစ်တည်ဆောက်ပေးရမှာပါ။ တချို့ကျောင်းတွေ ပျက်တာတွေရှိမှာပါ။ တချို့ကျောင်းတွေ သန့်ရှင်းရေး လုပ်ရင် ကုန်ကျမှာတွေ ရှိတယ်။ ဘက်ဂျက်ချထားပေးမှုအပေါ်မူတည်သုံးစွဲ သွားမှာ”ဟု ပြောသည်။

ရေကြီးနစ်မြှုပ်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် ကျပ် ၁၈၆၇၁.၂၇ သန်းဆုံးရှုံးခဲ့ရပြီး၊ ကျွဲ နွား ၁၇ ကောင်သေဆုံး ခဲ့ကာ ရေကြီးမှုကြောင့် လူအသေအပျောက်မရှိကြောင်း တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...