ပညာရေး ဒုဝန်ကြီးက ဝေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေ၏ နည်းပညာ တက္ကသိုလ်၊ ဝိဇ္ဇာ၊ သိပ္ပံ နှင့် အခြားတက္ကသိုလ်များတွင် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းရပ်
နားခဲ့ကြသည့် မဟာဘွဲ့၊ ပါရဂူဘွဲ့ တက်ရောက်ဆဲတက္ကသိုလ် ကျောင်းသားကျောင်းသူ သင်တန်းသား သင်တန်းသူများအား ဆက်လက်ပညာ ပညာဆည်းပူး တက်ရောက်ခွင့် ရှိ မရှိမေးခွန်း နှင့် စပ်လျင်း ၍ဖြေကြား ခဲ့ဖြစ်သည်။
ပညာရေး ဒုဝန်ကြီးက “၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သည့် မဟာဘွဲ့ သင်တန်းလက်ဆွဲ အပိုဒ် ၃ အရ အများဆုံးကင်းကွာခွင့်ကို ပညာသင်နှစ် သုံးနှစ် ကင်းကွာခွင့်ပြုထားပါတယ်။ တက္ကသိုလ်ဆရာ ၊ ဆရာမ များနဲ့ ဝန်ထမ်းများ ဖြစ်ပါက အဆိုပါ ကင်းကွာမှုကို နှစ်ကန့်သတ်ချက်မရှိပဲ အကြောင်းပြချက်ခိုင်လုံပါက တက်ရောက်ခွင့်ပေးပါတယ်״ဟု ဖြေကြားခဲ့သည်။
ပါရဂူဘွဲ့ သင်တန်းသားများသည် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမှ နှုတ်ထွက်ခဲ့လျင်လည်း ယင်းပါရဂူ သင်တန်းဝင်စာမေးပွဲကိုလည်း ပြန်လည်ဖြေဆိုစေ၍ ပါရဂူ ဘွဲ့ကြိုသင်တန်းကို ဆက်လက် တက်ရောက်ခွင့် ရှိကြောင်းနှင့် ဘွဲ့လွန့် မဟာဘွဲ့ ဆက်လက်တက်ရောက်လိုကြောင်း လျှောက်ထား လာပါကလည်း ကျောင်းဝင်ခွင် မှတ်ပုံတင်၍ ဆက်လက်တက်ရောက်နိုင်ကြောင်းလည်း ဝန်ကြီး၏ ဖြေကြားမှုတွင် ပါဝင်သည်။
ထို့အပြင် သိပ္ပံနှင့်နည်းပညာနည်းပညာဝန်ကြီးဌာန အောက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းရပ်နားထားသူများ၊ သင်တန်းကျရှုံး သူများကျောင်းပြန်လည်တက်ရောက် လိုပါက ဝန်ထမ်းမဟုတ်သည့် ပြင်ပ ကျောင်းသူ ကျောင်းသား အနေဖြင့်နောက်ဆုံး တက်ရောက်ခဲ့သည့် တစ်နည်းအားဖြင့် ရပ်နားခဲ့သည့် တက္ကသိုလ်၏ ထောက်ခံချက်နှင့် လိုအပ်သော စာရွက်စာတမ်းများ အပြည့်အစုံနှင့်တကွ မိမိတက်ရောက်လိုသည့် တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရန် လိုကြောင်းလည်း ဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့သည်။
ယင်းအပြင် ပညာရေး ဒုဝန်ကြီးက အမျိုးသား ပညာရေး ဥပဒေ၏ ဆက်စပ် ဥပဒေ ဖြစ်သည့် အဆင့်မြင့် ပညာရေး ဥပဒေပြဌာန်းပြီးပါက ၎င်းဥပဒေနှင့် အကြုံးဝင်သည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များ အားလုံးသည် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းဖြေကြားခဲ့သည်။







