ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ကျပ်သန်း ၁၈,၀၀၀ ကျော်ဖိုး ဆုံးရှုံးပြီး ကျောင်း ၁,၆၀၀ ကျော် ပိတ်ထားရ

ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ကျပ်သန်း ၁၈,၀၀၀ ကျော်ဖိုး ဆုံးရှုံးပြီး ကျောင်း ၁,၆၀၀ ကျော် ပိတ်ထားရ
by -
မဇ္ဈိမ
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြှုပ်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၁၈၆၇၁.၂၇ ရှိပြီး ကျောင်းပေါင်း ၁၆၀၅ ကျောင်းပိတ်ထားရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ပြောသည်။

တိုင်းအစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကိုကိုက “ပြန်လည်ထူထောင်ရေးအတွက် တိုင်းအစိုးရ လုပ်ဆောင်ပေးမှာပါ။ လယ်တွေပြန် စိုက်ဖို့ သင့်ပါမလား၊။ စိုက်ပျိုးရေ ရာသီဥတုကြည့်ရတော့မယ်။ အခု နစ်မြှုပ်မှုမှာ ကွမ်းစိုက်သူတွေ အခြားသီးနှံစိုက် တောင်သူတွေအတွက်လည်း တိုင်းအစိုးရက ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်”ဟု မဇ္စျိမသို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် လယ် ၃၀၈,၈၄၂ ဧက နစ်မြုပ်ခဲ့ပြီး၊ လယ်မြေ ဧက  ၆၈၀၀၀ ကျော် လုံးဝပျက်ဆိ်ီးခဲ့သည်။ ရေကြီးနစ်မြုပ်မှုကို တိုင်းအတွင်းရှိ မြို့နယ်  ၁၉မြို့နယ်ရှိ အိမ်ထောင်စု တစ်သိန်းကျော်နှင့် လူဦးရေ လေးသိန်းကျော် ခံစားခဲ့ရသည်။

တိုင်းအစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကိုကိုက “တချိုနေရာတွေမှာ ရေတွေ ပြန်ကျနေသလို၊ တချိုမြို့တွေ ရေတက်နေတာလည်း ရှိပါတယ်၊ပြန် လည် ထူထောင်ရေးကိုတော့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင့်ဖိုလုပ်နေတယ်။ လယ်ယာမြေတွေ ပြန် စိုက်ပျိုးနိုင်ဖို့လိုအပ်တယ်။ လယ်သမားတွေ စိုက်စရိတ်ပေးနိုင်အောင်တော့စီစဉ်နေပါတယ်”ဟု မဇ္စျိမသို့ ပြောသည်။

တိုင်းအစိုးရ အနေဖြင့် မျိုးစပါးများအား အခမဲ့ပေးနိုင်ရန် စီစဉ်နေကြောင်းလည်း တိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီးက  ပြောသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...