ပြင်ဦးလွင်တွင် သမပါယမက သိမ်းယူထားသော လယ်မြေပေါ်၌ တစ်ကိုယ်တော် ထွန်တုံး တိုက်ပွဲဝင်သူအား တရားရုံးသို့ တိုင်ကြား

ပြင်ဦးလွင်တွင် သမပါယမက သိမ်းယူထားသော လယ်မြေပေါ်၌ တစ်ကိုယ်တော် ထွန်တုံး တိုက်ပွဲဝင်သူအား တရားရုံးသို့ တိုင်ကြား
by -
မဇ္ဈိမ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ သမဝါယမဦးစီးဌာနမှ သိမ်းယူထား သော လယ်မြေ ၁၄ ဧက ပေါ်တွင် တစ်ကိုယ်တော်ထွန်တုံး တိုက်ပွဲဝင်နေသူအား ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်စီးမှုတို့ဖြင့် အရေးယူနိုင်ရန် မတ္တရာမြို့နယ်တရားရုံးတွင် ဩဂုတ်  ၂ဝရက် မွန်းလွဲ ၃ နာရီက ဦးတိုက်လျှောက်ထားတိုင်ကြားလိုက်ပြီဟု မတ္တရာမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ထွန်တုံးတိုက်ပွဲဝင်နေသော မြေနေရာအား သ/မ ဦးစီးဌာနမှ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက အင်အား ၅၀ ဦးကျော်ဖြင့် သ/မအလံများစိုက်ထူပြီး ခြံစည်းရိုးကားခဲ့သည်။ ထိုသို့ ကာရံပြီး ထွန်စက် များဖြင့် စိုက်ပျိုးမှုများပြုလုပ်နိုင်ရန် ထွန်ယက်မှုများ စတင်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နေသည်ကို ထွန်တုံးတိုက်ပွဲဝင်နေသူနှင့် မိသားစုမှ ဝင်ရောက်တားဆီးမှုများပြုလုပ်ကာ ဆက်လက် ထွန်တုံးတိုက်ပွဲ ဝင်နေခြင်းကြောင့် ဥပဒေအတိုင်းဆောင်ရွက်နိုင်ရန် တရားရုံးသို့ ဦးတိုက် လျှောက်ထားခြင်းဖြစ်သည်ဟု ဦးခင်မောင်က ဆိုသည်။

ဦးခင်မောင်က “ကျွန်တော်တို့ ဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း လုပ်တာပါ။ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမယ်။ သတ်မှတ်ထားတဲ့နေရာထဲ ထိဝင်ပြီး လုပ်နေတယ်။ ဒါကြောင့် ခြံစည်းရိုးကာ တယ်။ ဒါပေမယ့်ဝင်လုပ်နေတယ်။သူတို့မြေမှန်ရင် ဥပဒေအတိုင်း အဆင့်ဆင့် တင်ပြပြီးတောင်းလို့ ရပါတယ်။”ဟု ပြောသည်။

အဆိုပါလယ်မြေအား ၁၉၇၅ ခုနှစ်တွင် သမဝါယမ မှသိမ်းယူခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ သီးစားချထား ခဲ့ခြင်းဖြစ်သည်။ ထွန်တုံးတိုက်ပွဲဝင်နေသူ  မလင်းလင်းထွေးသည် လယ်မြေကို သူမ၏ ဖခင် လက်ထက်တွင် သိမ်းယူခံရခြင်းဖြစ်သည်။

၎င်းက “ကျွန်မတို့ ပိုင်ခဲ့တဲ့မြေလေး ပြန်ရဖို့ စာတင်ပြီး အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မရဘူး။ ဒါကြောင့် ကျွန်မအရဲစွန့်ပြီး ထွန်တုံးတိုက်ပွဲဝင်တာပဲ။ အရေးယူလည်းခံမယ်။ ဖမ်းလည်းခံမယ်။ ကျွန်မမိဘတွေ မသေခင် ဒီမြေလေးပြန်ရရင် ကျေနပ်ပါတယ်။ သူတို့ခြံစည်းရိုးခတ်လည်း ဆက်ပြီး ဝင်လုပ်မှာပဲ။”ဟု ပြောသည်။
 
ထွန်တုံးတိုက်ပွဲဝင်ခြင်းကို  ဩဂုတ် ၁၇ ရက်မှစတင်ပြီး ၂၀ ရက်ထိလုပ်ဆောင်နေရာတွင် ၂၀ ရက်တွင် သ/မ မှ ဝင်ရောက်၍ ခြံစည်းရ်ိုးခတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါလယ်ယာမြေများအား သ/မ ကသိမ်းယူခဲ့စဉ်က ၁၈၉၄ ခုနှစ်မြေသိ်မ်းဥပဒေနှင့် အညီ သိမ်းယူခဲ့ခြင်း မရှိသည့်အပြင် လျှော်ကြေးနစ်နာကြေး ပေးခြင်းများလည်း မရှိခဲ့သလို မူလပိုင်ရှင်ဟု ဆိုသူ လယ်သိမ်းခံတောင်သူ မလင်းလင်းထွေးက ယနေ့အချိန်ထိ မိဘများပိုင်ဆိုင်ခဲ့သည့် အထောက်အထားများရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...