ကချင်စစ်ပြေးဒုက္ခသည်များထံ သွားလှူမည့်သူများကို အစိုးရလုံခြံုရေးအာမ မခံ

ကချင်စစ်ပြေးဒုက္ခသည်များထံ သွားလှူမည့်သူများကို အစိုးရလုံခြံုရေးအာမ မခံ
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များ ကို သွားရောက်ကူညီရန် ပြည်နယ် အစိုးရက လုံခြံုရေး အာမမခံနိုင်ကြောင်း အကြောင်းကြားလာ သဖြင့် သွားမကူညီနိုင်သေးကြောင်း မြစ်ကြီးနားကက်သလစ် သာသနာ ဗဟိုသာသနာ့အကျိုးဆောင် အဖွဲ့က မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနား ကက်သလစ်အသင်းတော် ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း မြစ်ကြီးနား (KMSS-MKA) က ယနေ့ သြဂုတ်လ ၁၉ ရက်တွင် ဆွပ်ပရာဘွမ် စစ်ပြေးဒုက္ခသည် ၁၄၀၀ ကျော်အား စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ရေရသဖြင့် အရေးပေါ် လိုအပ်နေသည့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ယာယီတဲများ နှင့် ဆေးဝါးများကို ပို့ပေးနိုင်ရန် ကချင်ပြည်နယ် အစိုးရထံ ၁၁ ရက်က စာတင်ပြလိုက်ခြင်း ဖြစ်သည်။

“ခွင့်ပြုချက် ရပြီလုုိ့တော့ ပြောရမယ်။ ဒါပေမဲ့ ကျနော်တုုိ့က ရေကြောင်းနဲ့ သွားချင်နေတာ။ ရေကြောင်းက ပိတ်ထားတယ်ဆိုုတော့ သူတုုိ့ အာမခံချက်ပေးဖုုိ့ ခက်တယ်။ အာမခံချက် မရှိဘူး။ အဲဒါကြေင့် အစုုိးရအနေနဲ့ သွားစေချင်တာက မြစ်ကြီးနားကနေ ပူတာအိုကို လေယာဉ်နဲ့တက် အဲဒီကနေ တဆင့် ဆွမ်ပရာဘွမ်ကို ပြန်ဆင်းလာ။ ဒါပေမဲ ့အဲဒီမှာလည်း တံတားတွေ ဖျက်ဆီးနေ တယ်လို့ ပြောတယ်”ဟု မြစ်ကြီးနား ကက်သလစ်သာသနာ ဗဟိုသာသနာ့အကျိုးဆောင်အဖွဲ့မှ အတွင်းရေးမှူး ဆရာနော်ဆိုင်က ပြော သည်။

ကချင်ပြည်နယ် အစိုးရဘက်မှ အကြောင်းကြားစာတွင် စစ်ပြေးဒုက္ခသည်များအား မြစ်ကြီးနားမှ ပူတာ အို(လေကြောင်းလမ်း)နှင့် ပူတာအိုမှ ဆွမ်ပရာဘွမ်(ကားလမ်း)တို့ဖြင့် သွားရောက်နိုင်ပါကြောင်းနှင့် လက်ရှိပူတာအိုနှင့် ဆွမ်ပရာဘွမ်ကားလမ်းတံတား(၂)စီးမှာ မီးရှို့ဖျက်ဆီးထားပါသဖြင့် ပြင်ဆင်ပြီးပါက အချိန်မရွေး သွားရောက်ဆောင်ရွက်နိုင်ပါကြောင်းင်း ၁၅ ရက်က အကြောင်းကြားလာခြင်း ဖြစ် သည်။

“အစိုးရက ဦးစားပေးက ပူတာအိုကနေ ဆွမ်ပရာဘွမ်ကို ပြန်လာ၊ ပြီးတော့ အဲဒီကနေ ပလိယန်ဘက်ကို သွားဖုုိ့က မလွယ်ဘူး။ သူတုုိ့ ပြောက တံတားတွေလည်း မရှိဘူးလုုိ့ ပြောတော့ သွားဖုုိ့ လမ်းတွေဘာမှ မရှိတော့ဘူး”ဟု ဆရာနော်ဆိုင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ရ နယ်မြေတွင် တုုိက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာပေါင်း ရ ရွာမှ စစ်ပြေးဒုက္ခသည် ၁,၄၀၀ ကျော်သည် ထွက်ပြေး တိမ်းရှောင်နေရကာ စားဝတ်နေရေး အခက်အခဲ ရှိနေသည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သော ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ပြန်ကြားရေးတာဝန်ခံ ဆရာ ဦးလမာယော်က မဇ္ဈိမကို ပြောသည်။

ယခုရက်ပိုင်းတွင်မူ နှစ်ဖက်တိုက်ပွဲများ မရှိသော်လည်း အစိုးရစစ်တပ်ဘက်မှ ရွာသားများရှိရာဘက်သို့ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေသဖြင့် ကျေးရွာသားများ ထွက်းပြေးတိမ်းရှောင်မှုများ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။

KBC ကလည်း ပြီးခဲ့သည့် ဇူလုုိင်လ ၁၇ ရက်က ၎င်းစစ်ပြေးဒုုက္ခသည်များအား သွားရောက်ကူညီရန် ပြည်နယ်အစိုးရးနှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်ထံသို့ တင်ပြခဲ့သော်လည်း လုံခြံုရေး မယူပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် ယနေ့ထိ သွားရောက်ပို့ဆောင်နိုင်ခြင်း မရှိသေးပေ။

letter

သို့သော် KBC အပါအဝင် အခြား အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ဆုုိင်ရာ အစုုိးရနှင့် စစ်တပ်ထံ ထပ်မံ ခွင့်ပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း သြဂုုတ်လ ၁ ရက်က ဆရာ ဦးလမာယော်က မဇ္ဈိမကို ပြောသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...