မင်းပြားမြို့ မြစ်ကမ်းဘေးတွင် ပြိုကျသွားသည့် နေအိမ်များကို အခြားနေရာတွင် ပြန်ဆောင်ပေးမည်ဟု ရခိုင်ဝန်ကြီးချုပ်ဆို

မင်းပြားမြို့ မြစ်ကမ်းဘေးတွင် ပြိုကျသွားသည့် နေအိမ်များကို အခြားနေရာတွင် ပြန်ဆောင်ပေးမည်ဟု ရခိုင်ဝန်ကြီးချုပ်ဆို
by -
မဇ္ဈိမ
ပြီးခဲ့သည့် ရက်နည်းငယ်အတွင်းက တောင်ကျရေစီးဆင်းမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းပြားမြို့၊ မြစ်ကမ်းဘေးတွင် လူနေအိမ်များ ပြိုကျပျက်စီးသွားပြီး ယင်းလူနေအိမ်များကို အခြားနေရာတွင် အသစ်ပြန်လည်ဆောက်ပေးမည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။

“မင်းပြားကမ်းပါးကို နိုင်ငံတော်က လုပ်ပေးပါမယ်။ ဒီလောက်ရှည်လျားတဲ့ ကမ်းကတော့ နောက်ဆုံး နည်းလမ်းကတော့ ဟိုးအထက်ဘက်မှာ မြေတွေ ထပ်ဝယ်ဖို့ လုပ်နေပါတယ်။ ပြိုသွားတဲ့ အိမ်တွေကို စစ်ဆေးပြီးရင် မနေနဲ့တော့ အန္တရာယ်ရှိတယ်။ သင့်တော်တဲ့ အမြင့်ပိုင်းမှာပဲ အကွက်တွေ ချပြီးတော့မှ တစ်သက်လုံးနေနိုင်အောင် မင်းပြားမှာတော့ စီမံထားပါတယ်။ မြေဝယ်ခိုင်း ထားပါတယ်။ ပြိုကျတဲ့ အိမ်တွေကို ပြန်ဆောက်ပြီးရင် သူတို့ဘဝ ရပ်တည်ရေးအတွက် ဒီလိုစီမံထားပါတယ်။”ဟု ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့က စစ်တွေမြို့ ရခိုင်ပြည်နယ် လွှတ်တော်ခန်းမ၌ ပထမအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရေဘေးကြောင့် ဒုက္ခရောက်နေကြသော မိသားစုများကိုလည်း သူတို့ဘဝ ပြန်လည်ထူထောင်ရေး အတွက် နေအိမ်များဆောက် လုပ်ပေးခြင်း၊ အိမ်မှာ လိုအပ်သည့် အိုး၊ ခွက်၊ ဓါး စသည့် စာနပ်ရိက္ခာ များကို အစုံပေးသွားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မှာကြားထားကြောင်း ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆိုသည်။

ရေဘေးသင့် ဒေသများတွင် အဓိက သောက်သုံးရေ အခက်အခဲရှိနေပြီး ပြည်နယ်အစိုးရအဖွဲ့က ဆားငန်ရေ ဝင်ရောက်သွားသော ရေကန်များကို ပြန်လည်တူးဖော်နေပြီ ဖြစ်ကြောင်း၊ သို့သော်လည်း အိုင်စီအာစီ အဖွဲ့ကသာ တူးဖော်ပေးနေသည်ကို တွေ့ခဲ့ရပြီး အစိုးရဦးဆောင်ပြီး တူးဖော်ပေးနေသည်ကို မတွေ့ခဲ့ရကြောင်း မြောက်ဦးနှင့် မင်းပြားမြို့များသို့ ကယ်ဆယ်ရေးသွားခဲ့သည့် ၀ံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ အဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောကြားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...