Cherry FM ထုတ်လွှင့်မှုရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားသော်လည်း ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဆို

Cherry FM ထုတ်လွှင့်မှုရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားသော်လည်း ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဆို
by -
မဇ္ဈိမ
သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ် ဦးစီးလုပ်ကိုင်နေသည့် Cherry FM ထုတ်လွှင့်မှု ရပ်နားရန် ပြည်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်သည်ဟု Cherry FM ၏ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

အဆိုပါ တာဝန်ရှိသူက “Cherry FM Radio Station ကို မိမိတို့သဘောဆန္ဒအလျောက်ပေါ့နော်။ ခေတ္တရပ်နားလိုကြောင်း စာတင်ဖို့ သူတို့(ပြန်ကြားရေးဝန်ကြီးဌာန)ဘက်တော့ ညွှန်ကြားလာတယ်”ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် Cherry FM မှ တာဝန်ရှိသူများ နေပြည်တော်တွင် ဩဂုတ် ၁၅ မနက်ပိုင်းက ပြုလုပ်သည့် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာနက အထက်ပါ အတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

သို့သော် Cherry FMအနေဖြင့် “ရပ်ဆိုင်းစာ တင်သွင်းမှာတော့ မဟုတ်ဘူး။ ဥပဒေကြောင်းအရ စစ်ဆေးဆောင်ရွက်မယ်ဆိုရင်လည်း ကျွန်တာ်တို့ဘက်ကတော့ ရင်ဆိုင်ဖို့ပဲရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းကလည်း ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် “ဥပဒေအရ စစ်ဆေးဆောင်ရွက်ခြင်းကိုသာလိုလားပါ၍ခေတ္တရပ်ဆိုင်းစာ တင်သွင်းခြင်းများ လုပ်ဆောင်သွား မည်မဟုတ် ပါကြောင်း တင်ပြပါသည်”ဟု ရေးသားထားသေးသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ (ပူးတွဲဥက္ကဌဟု ပါတီ၏ ထုတ်ပြန်ချက်တွင် သုံးနှုန်း) ဖြစ်သူ သူရဦးရွှေမန်း ရာထူးမှ ဖယ်ရှားခံရသည့် ဩဂုတ် ၁၃ရက်ကစပြီး Cherry FM ထုတ်လွှင့်မှုမှာ ရပ်ဆိုင်းသွားခဲ့သည်။

ချယ်ရီ FM သည် ၂၀၀၉ခုနှစ် သြဂုတ် ၁၅ရက်နေ့က စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောတူညီမှုစာချုပ်ဖြင့် ထုတ်လွှင့်ခြင်းဖြစ်ပြီး ၆နှစ်တိတိပြည့်သည့်နေ့တွင် ရပ်ဆိုင်းရန် ညွှန်ကြားခံရခြင်း လည်းဖြစ်သည်။

Cherry FM ရပ်ဆိုင်းရန် ညွှန်ကြားမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အရာရှိတစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ယင်းကိစ္စအပေါ်နေပြည်တော် တွင် အစည်းအဝေးပြုလုပ်သည်ကိုသာသိရှိပြီး အသေးစိတ်သိရှိခြင်းမရှိကြောင်း ပြန်ဖြေခဲ့သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...