ထိရောက်သည့် ရေဘေးကယ်ဆယ်ရေးပစ္စည်း ပေးပို့သင့်ဟု မြဝတီ ကယ်ဆယ်ရေးပစ္စည်း လက်ခံရေးဌာန တိုက်တွန်း

ထိရောက်သည့် ရေဘေးကယ်ဆယ်ရေးပစ္စည်း ပေးပို့သင့်ဟု မြဝတီ ကယ်ဆယ်ရေးပစ္စည်း လက်ခံရေးဌာန တိုက်တွန်း
by -
ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီမှတဆင့် မြန်မာနိုင်ငံဘက်သို့ ပေးပို့လှူဒါန်းကြသည့် ရေဘေး ကယ်ဆယ်ရေးပစ္စည်း တွင် ရေသန့်ဘူးအစား အခြားကယ်ဆယ်ရေးပစ္စည်းများကို အဓိကထား ပေးပို့ သင့်ကြောင်း မြဝတီခရိုင် ရေဘေးကယ်ဆယ်ရေးပစ္စည်း လက်ခံရေးဌာနမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းမြတ်က သြဂုတ် ၁၇ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။

မြဝတီခရိုင်မှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ ပို့ဆောင်ပေးနေသည့် အဆိုပါ အဖွဲ့ဝင် ဒေါ်သင်းသင်းမြတ်က “ရေသန့်အစား အခြားပစ္စည်းတွေကိုပိုပြီးပို့စေချင်ပါတယ်။ အခု ထိုင်းဘက်က လှူတဲ့ ရေသန့်ဘူး (၁၂) ဘီးကား တစ်စီးစာဆိုရင် မြဝတီကနေ ရန်ကုန်ကို ပို့မယ်ဆိုရင် ကားခကကျပ် ၈ သိန်းကုန်တယ်။ ရေသန့်တန်ဘိုးက ကျပ် ၅ သိန်းလောက်ပဲ ရှိတယ်။ အဲလောက် ကုန်မဲ့စားရိတ်ငွေကို ရန်ကုန်မှာရှိတဲ့ အယ်ပိုင်းသောက်ရေသန့်ကိုမှာယူပြီး ရေဘေးသင့်ဒေသကို ပို့မယ်ဆိုရင် ဒီထက်မကပိုပြီး အကျိုးရှိမှာဖြစ်တယ်”ဟု ပြောဆိုသည်။

ထိုင်းနိုင်ငံ အစိုးရအပါအဝင် ထိုင်းရှိ ပရဟိတအဖွဲ့အစည်းများ တသီပုဂ္ဂလအလှူရှင်များ ထိုင်းရောက် မြန်မာနိုင်ငံသားများ က ပေးပို့လှူဒါန်းကြသည့် ကယ်ဆယ်ရေးပစ္စည်းများကို မြဝတီခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူများက လက်ခံပြီးနောက် ရေဘေးသင့်ဒေသများသို့ ထပ်မံပို့ဆောင်ပေးခြင်းဖြစ်သည်။

ယင်းကိစ္စအပေါ် တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းမှ နိုင်ဆူချိုင်းက “မြန်မာဘက်က လိုအပ်တဲ့ အနေအထားတွေအရ နောက်ထပ်ပို့မဲ့ ကယ်ဆယ်ရးပစ္စည်းတွေမှာ အဓိက လိုအပ်တာတွေကို ဦးစားပေးပို့ပေးဖို့ ကျနော်တို့စီစဉ်နေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းအစိုးရကလည်း မြန်မာရေဘေးသင့်ဒေသများသို့ပေးပို့ရန်ကျန်ရှိနေသည့် ဒုတိယ အသုတ် ကယ်ဆယ်ရေး ပစ္စည်းမျိုးစုံကိုလည်း ယခုရက်ပိုင်အတွင်း ပေးပို့သွားရန်ရှိသည်ဟု မဲဆောက် အုပ်ချုပ်ရေမှူးရုံးမှ ထိုင်းအရာရှိတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်လက မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်း၍ ရေးကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် လူ(၁၀၀) ကျော်သေဆုံးခဲ့ရပြီး လူ(၁၁) သိန်းခန့် ဒုက္ခရောက်ခဲ့ရသည်ဟု အစိုးရက နောက်ဆုံးထုတ်ပြန်ခဲ့သည့် သတင်းများတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီး (၁၂)ခုတွင် ရေဘေးသင့်ခဲ့သောကြောင့် ဒုက္ခရောက်ရှိနေသူများအတွက် ရေသန့်၊ အစားအစာနှင့် ဆေးဝါးများ အပါအဝင် အခြားကယ်ဆယ်ရေးပစ္စည်များကို ပြည်တွင်းပြည်ပရှိအလှူရှင် များက ပေးပို့လှူဒါန်းလျှက်ရှိပြီး အစိုးရကလည်း နိုင်ငံတကာသို့ အကူအညီများတောင်းခံထားသည်။

ထိုင်းနိုင်ငံရှိ အလှူရှင်များအနေဖြင့် ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို မဲဆောက်-မြဝတီလမ်းကြော မှတဆင့် မြဝတီခရိုင်မှတာဝန်ရှိသူများနှင့် ဆက်သွယ်ကာ ပေးပို့လှူဒါန်းနိုင်သည်ဟုလည်း မြဝတီခရိုင် ရေဘေးကယ်ဆယ်ရေးပစ္စည်း လက်ခံရေးဌာနက ပြောဆိုသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...