ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က ဝန်ထမ်း နှစ်ရာကျော် ထပ်ခေါ်မည်

ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က ဝန်ထမ်း နှစ်ရာကျော် ထပ်ခေါ်မည်
by -
မဇ္ဈိမ
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က လက်ရှိ၀န်ထမ်းဦးရေနှင့် မလုံလောက်သောကြောင့် ဝန်ထမ်းနှစ်ရာကျော်ထပ်မံခေါ် ယူမည်ဟု ကော်မရှင်ဥက္ကဌ ဦးတင်အေးက မဇ္စျိမသို့ ပြောသည်။

“လက်ရှိတစ်ထောင်ကျော်လောက်ဘဲရှိတော့ အယောက် နှစ်ရာကျော် ထပ်ခန့်မယ်။ အားလုံး ၁၄၀၀ လောက် ဖြစ်သွားမယ်။”ဟု ၎င်းကဆိုသည်။

၂၀၁၀ ခုနှစ်က ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်သည် ၆၅ ဦးဖြင့် ရွှေးကောက်ပွဲကျင်းပပေးခဲ့ပြီး ၂၀၁၁ ခုနှစ် ၎င်းဥက္ကဌတာဝန်စတင်ထမ်းဆောင်ချိန်၌ ကော်မရှင်ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ခဲ့သည်ဟု ဦးတင်အေးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ရွှေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်မြင့်က “အဲ့လို ထပ်ခန့်ရင်တော့ ကောင်းတာပေါ့။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဦးစီးအရာရှိ ၃၃ ဦး ထားရမှာ ၁၂ ဦးပဲ ရှိတယ်။ လူတော်တော်လိုနေတယ်။”ဟု မဇ္စျိမသို့ ပြောသည်။

ဧရာဝတီတိုင်းအတွင်း ခရိုင် ၆ ခုနှင့် မြို့နယ် ၂၆ ခုတွင် ကော်မရှင်များ ဖွင့်ထားခြင်းဖြစ်ပြီး အောက်တန်းစာရေး ၉ ဦးခန့်ရန်ပင် စာတင်ထားသည်မှာ (၈) လ ကျော်ကြာလာသော်လည်း အကြောင်းမပြန်သေးကြောင်း ဦးအောင်မြင့်က ဆက်ပြောသည်။

ဝန်ထမ်းနည်းသောကြောင့် အခြားဌာနများသို့ အကူအညီတောင်းလုပ်ဆောင်နေရပြီး အမှားအယွင်း ဖြစ်ပါက ပါတီများ၏ အပြောအဆိုခံရသည်ဟု ဆိုသည်။

ဒုဦးစီးမှူးအား ကော်မရှင်က တိုက်ရိုက်ခန့်အပ်မရခြင်း၊ ဝန်ကြီးဌာနများကလည်း ပေးခွင့်မရှိခြင်းတို့ ကြောင့် အပြင်မှ ခေါ်ယူရန် သတင်းစာများတွင် ကြေညာထားသည်ဟု ဦးတင်အေးက ပြောသည်။

ဝန်ထမ်းမလောက်ငှ၍ အခြားဝန်ကြီးဌာနများမှ ပိုလျှံဝန်ထမ်းများအားခေါ်ယူခဲ့ရာ တပ်မတော်မှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ စက်မှုဝန်ကြီးဌာနမှ ဖြစ်သည်ဟု ဆိုသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...