ရန်ကုန်ရှိ အမေရိကန်သံရုံးက လူမှုအဖွဲ့အစည်းများအား အသေးစားထောက်ပံ့မှုပေးအပ်

ရန်ကုန်ရှိ အမေရိကန်သံရုံးက လူမှုအဖွဲ့အစည်းများအား အသေးစားထောက်ပံ့မှုပေးအပ်
by -
မဇ္ဈိမ
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက လူ့အခွင့်အရေး၊ ကျားမတန်းတူရေး၊ မူးယစ်ဆေး တိုက်ဖျက်ရေး၊ ရွေးကောက်ပွဲပညာပေးရေး၊ တောရိုင်းတရိစ္ဆာန်ထိန်းသိမ်းရေးတို့ကို ပိုမိုဆောင်ရွက်စေရန် အဖွဲ့အစည်း ခုနှစ်ခုအား အသေးစားထောက်ပံ့မှုများ ပေးအပ်လိုက်သည်။

အကူအညီ ရရှိသည့်အဖွဲ့များမှာ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် အကောင်အထည်ဖော်သွားကြမည်ဟု အမေရိကန်သံရုံးက သြဂုတ် ၁၄ တွင် ထုတ်ပြန်သည်။

Mon Youth Association က ကန်ဒေါ်လာ ၁၁,၉၀၅ ရရှိခဲ့ပြီး မွန်ပြည်နယ် မုဒုံမြို့နယ်၌ ရွေးကောက်ပွဲ အသိပညာပေးရေး၊ လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ပညာရေးရေးတို့ တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်သည်။

Treasure Land Development Association က ကန်ဒေါ်လာ ၁၉,၉၅၀ ရရှိခဲ့ပြီး လူ့အခွင့်အရေးနှင့် ကျားမတန်းတူအခွင့်အရေးဆိုင်ရာ အသိပညာပေးရေးကို မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။

Business Kind Myanmar အဖွဲ့က ကန်ဒေါ်လာ ၁၇,၆၀၀ ရရှိပြီး ကချင်ပြည်နယ်အတွင်း ယက်ကန်းယက်သူ အမျိုးသမီးများအတွက် နည်းပညာအထောက်အကူပေးရာတွင် အသုံးပြုသွားရမည်။

Colors Rainbow အဖွဲ့က ၄င်းတို့ရရှိသည့် ကန်ဒေါ်လာ ၂၀,၀၀၀ ကို တနင်္သာရီတိုင်းအတွင်း လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာများ အသိပညာပေးရေး မြှင့်တင်ရန်အတွက် သုံးရမည်။

Friends of Wildlife (FOW) အနေဖြင့် ကချင်ပြည်နယ်၊ အင်းတော်ကြီးကန်ချိုင့်ဝှမ်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကန်ဒေါ်လာ ၂၀,၀၀၀ ရရှိသည်။

Kalyana Mitta Development Foundation က နိုင်ငံတဝန်း နိုင်ငံသားနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေးသင်တန်းများဆောင်ရွက်ရန် ကန်ဒေါ်လာ ၂၀,၃၅၀ ရရှိသည်။

Sisterhood အဖွဲ့က စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း နိုင်ငံသားနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေး သင်တန်းများဆောင်ရွက်ရန် ကန်ဒေါ်လာ ၉,၅၀၀ ရရှိသည်။

၂၀၀၆ ခု မှစတင်ခဲ့သည့် အမေရိကန်သံရုံး၏ အသေးစားထောက်ပံ့ရေးအစီအစဉ်မှ စုစုပေါင်း ကန်ဒေါ်လာ ၂ ဒဿမ ၅ သန်းကို မြန်မာနိုင်ငံမှ လူမှုအဖွဲ့အစည်း အသီးသီးအားပေးအပ် ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...