မြန်မာလူထုသည် ကြင်နာဆုံးသူများ ဖြစ်ကြသည်ဟု OCHA ချီးမွမ်း

မြန်မာလူထုသည် ကြင်နာဆုံးသူများ ဖြစ်ကြသည်ဟု OCHA ချီးမွမ်း
by -
မဇ္ဈိမ
မြန်မာနိုင်ငံသားများသည် ကမ္ဘာပေါ်၌ အကြင်နာတရားအရှိဆုံးထဲတွင် ပါဝင်သည်ဟု ကုလ လူသားချင်း စာနာမှု ပူးပေါင်းဆောင်ရွက်ရေး OCHA ရုံး စီစဉ်ညွှန်ကြားရေးမှူး မစ္စရန်နာတာ ဒဲဆယ် လီယန်းက ထုတ်ဖော်ချီးမွမ်းလိုက်သည်။

ရေဘေးဒဏ်သင့် စစ်ကိုင်းတိုင်းခရီးစဉ်မှအပြန် သြဂုတ် ၁၂ ရက်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး "ရေဘေးသင့်သူတွေကို ညီညီညွတ်ညွတ် အကူအညီပေးနေသည်ကို တွေ့ရတဲ့အတွက် မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်"ဟု ဆိုသည်။

စေတနာရှင်များ၊ ဒေသလူမှုအဖွဲ့အစည်းများ၊ အာဏာပိုင်များ၊ အင်န်ဂျီအိုများနှင့် တစ်သီးပုဂ္ဂ လများ၊ အနုပညာရှင်များသည် စိတ်ရောကိုယ်ပါ ဝိုင်းဝန်းကူညီနေကြသည်ကို အထူးပြုပြောကြားခဲ့သည်။

မစ္စရန်နာတာ ဒဲဆယ်လီယန်းသည် ကလေးမြို့နယ်သို့လည်း ရောက်ရှိခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ သည်။ ယင်းဒေသ၌ ရေကျဆင်းသွားနေပြီဖြစ်သော်လည်း ရွံ့ဗွက်များကျန်ရှိနေပြီး သီးနှံများလည်း ပျက်စီးဆုံးရှုံးသွားကြောင်းဆို သည်။ ဒေသခံများသည် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ ပိုင်ဆိုင်မှုများ ရေနှင့်မျောပါသွားခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ သေဆုံးခြင်းတို့ဖြင့် လုံးပမ်းကျန်ရစ်ကြ သည်ဟု ပြောသည်။

ကုလသမဂ္ဂက ရေဘေးအတွက် လတ်တလော အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီထားကြောင်း သိရသည်။

ရေဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပြီး အစိုးရက လိုအပ်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသင့်သည်ဟု မစ္စ ရန်နာတာ ဒဲဆယ်လီယန်းက ဆိုသည်။

တစ်ချိန်တည်း၌ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ဧရာဝတီဒေသ၊ ရခိုင်ကမ်းရိုးတန်းတို့၌ လေပြင်းများနှင့် မိုးကြီးမှုများဖြစ်ပေါ်လာနိုင်သည် ဟု သတိပေးလိုက်သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...