စစ်တပ် အရာရှိအချို့ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားခြင်းကို လူမှုကွန် ရက်တွင် ကမ်ပိန်းပြုလုပ် ကန့်ကွက်

စစ်တပ် အရာရှိအချို့ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားခြင်းကို လူမှုကွန် ရက်တွင် ကမ်ပိန်းပြုလုပ် ကန့်ကွက်
by -
မဇ္ဈိမ
တပ်မတော် အရာရှိအချို့ ကျန်းမာရေးဝန်ကြီးဌာနသို့ လက်ထောက်ညွှန်ကြားရေးမှုး အပါအဝင် အခြားအရာရှိအဆင့်များသို့ ပြောင်းရွှေ့ခန့်ထားခြင်းကို Black Ribbon Movement Myanmar 2015 ကမ်ပိန်းဖြင့် လူမှုကွန်ယက်မှတဆင့်  ဆရာဝန်များနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းများက ကန့်ကွက် လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနတွင် အရာရှိအဆင့် တာဝန်ထမ်းဆောင်ရန် တပ်မတော်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးရာထူးတို့ကို ပြောင်းရွှေ့ခန့်အပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်နှင့် ၃၀ ရက်တွင် အမိန့်စာထုတ်ပြန်ခဲ့သည်။

တပ်ပိုင်းမှ ပြောင်းရွှေ့ရန်ပါရှိသူများသည် ကုသရေးဦးစီးဌာနရှိ အုပ်ချုပ်ရေးပိုင်းများတွင်သာ ခန့်အပ်ခံ ရခြင်းလည်းဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့ခံအပ်ခြင်းကို ဆရာဝန်နှင့် ၎င်းတို့၏ အသိုင်းအဝိုင်းများက ဝေဖန်ကန့်ကွက်ခြင်းဖြစ်ပြီး လူမှုကွန်ယက် စာမျက်နှာတွင်လည်း ဆရာဝန်များ ကိုယ်တိုင်ပါဝင်သည့် "Say No to Militarization of Myanmar Ministry of Health"ဟု ဆိုကာ Black Ribbon Movement Myanmar 2015  ဖြင့် သြဂုတ်လ ပထမအပတ်မှ စတင်ကန့်ကွက်နေခြင်း ဖြစ်သည်။

Black Ribbon Movement ဖေ့ဘုတ်စာမျက်နှာတွင် ကျန်းမာရေးဝန်ကြီးဌာနသို့ တပ်မတော်သား များ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းကို ကန့်ကွက်သူများက ဖဲကြိုးအမဲကို ရင်ထိုးထားသည့် မိမိဓါတ်ပုံ ကို အဆိုပါစာမျက်နှာတွင် တင်ခြင်းဖြင့် ကန့်ကွက်နေခြင်း ဖြစ်သည်။

Black Ribbon Movement Myanmar 2015 ကိုပါဝင်လုပ်ဆောင်သည့် တောင်ငူမြို့နေ ဆရာဝန် တစ်ဦး၏ အမျိုးသားတစ်ဦးက "ကျွန်တော့်မိန်းမက ဆရာဝန်မပါ၊ သမီးကအခုဆေးကျောင်း တက်နေ တယ်။ အခုလို အာဏာရှင်ဆန်ဆန်လုပ်တာကို ကန့်ကွက်တယ်။ ကျွန်တော်သမီး၊ အမျိုးသမီးတို့ အတွက် မဟုတ်ဘူး။ အားလုံးအတွက် ကိုယ်စားပြုပြီး အာဏာရှင်ဆန်ဆန် အခုလို လုပ်တာကို ကန့် ကွက်တဲ့ အနေနဲ့ တင်တာပါ"ဟု ဆိုသည်။

သြဂုတ် ပထမအပတ်မှ စတင်ခဲ့သည့် Black Ribbon Movement Myanmar 2015 ဖေ့ဘုတ်စာမျက်နှာကို ထောက်ခံသူ LIKE သင်္ကေတပေါင်း ၉၀၀၀ နီးပါးရရှိထားပြီး ဆရာဝန်များ ကလည်း ယင်းသို့ ခန့်အပ်မှုကို ကန့်ကွက်ကြောင်း ဓါတ်ပုံများရိုက်ကူး တင်ပြထားကြသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...