နေပြည်တော်ကောင်စီဝင်(၅)ဦး အမတ်လောင်းအမည်စာရင်း တင်ပြီ

နေပြည်တော်ကောင်စီဝင်(၅)ဦး အမတ်လောင်းအမည်စာရင်း တင်ပြီ
by -
မဇ္ဈိမ
သမ္မတဦးသိန်းစိန်က တိုက်ရိုက်ခန့်အပ်ထားသည့် နေပြည်တော်ကောင်စီ(ဥက္ကဋ္ဌအပါအဝင်)အဖွဲ့ဝင် ၉ဦးအနက် ၅ဦးမှာ လာမည့် ရွေးကောက်ပွဲတွင် တသိပုဂ္ဂလအဖြစ်ဝင်ပြိုင်ရန် ဩဂုတ် ရရက်တွင် အမည်စာရင်းတင်သွင်းထား ကြောင်း ပြည်ထောင်စု(နေပြည်တော်ကောင်စီ)နယ်မြေကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဌ ဦးအောင်ထက်ကျော်က ပြောသည်။

ရွေးကောက်ပွဲဝင်ရန် အမည်စာရင်းတင်သွင်းထားသည့် နေပြည်တော်ကောင်စီဝင်(၅)ဦးမှာ ဗိုလ်မှူးကြီး မြင့်အောင်သန်း၊ ဦးသန်းဌေး၊ ဦးမျိုးညွှန့်၊ ဦးမြင့်ဆွေနှင့် ဦးမြင့်ရွှေတို့ဖြစ်သည်။

“အဲ့ဒီပုဂ္ဂိုလ်များက ပုဂ္ဂလိကအနေနဲ့ ဒီနေ့တင်တာပါ” ဟု ဦးအောင်ထက်ကျော်က ပြောသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွှန့်အပါအဝင် ကောင်စီဝင်အားလုံး ရွေးကောက်ပွဲဝင်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ကောင်စီဝင်(၅)ဦးမှာ ဩဂုတ် ရရက်တွင် အမတ်လောင်းအမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမတ်လောင်းအမည်စာရင်း တင်ထားသည့် ကောင်စီဝင်(၅)ဦးအနက် ဦးသန်းဌေးနှင့် ဦးမျိုးညွှန့်မှာ အမျိုးသားလွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင်မူ ဗိုလ်မှူးကြီးမြင့်အောင်သန်းက ပျဉ်းမနားမြို့နယ်၊ ဦးမြင့်ဆွေက လယ်ဝေးမြို့နယ်နှင့် ဦးမြင့်ရွှေက တပ်ကုန်းမြို့နယ်မှ အသီးသီးဝင်ပြိုင်မည်ဖြစ် သည်။
 
သမ္မတဦးသိန်းစိန်တိုက်ရိုက်ခန့်ထားသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် ကောင်စီဝင်တို့၏ ရာထူးသက်တမ်း သည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည်။
 
ဩဂုတ် ရရက်ထိ နေပြည်တော်ကောင်စီနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမတ်လောင်းဦးရေ ၃၅ဦး အမည်စာရင်း တင်သွင်းထားသည်ဟု ဦးအောင်ထက်ကျော်က အတည်ပြုပြောသည်။

အမတ်လောင်းအမည်စာရင်းကို ဩဂုတ် ၁၄ရက်တွင် နောက်ဆုံးထားတင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ကြေငြာထားသည်။
 
နေပြည်တော်ကောင်စီနယ်မြေ(၈)မြို့နယ်တွင် ဩဂုတ် ရရက်ထိ အမတ်လောင်းအမည်စာရင်း တင်ထားသူ (၃၅)ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၁၀ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၉ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီမှ ရဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၃ဦးနှင့် တသီးပုဂ္ဂလ ၆ဦးတို့ဖြစ်သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...