မန္တလေးတိုင်းအတွင်းရှိ ဆေးယဉ်ပါး တီဘီလူနာများကို တစ်လ ကျပ်သုံးသောင်းထောက်ပံ့

မန္တလေးတိုင်းအတွင်းရှိ ဆေးယဉ်ပါး တီဘီလူနာများကို တစ်လ ကျပ်သုံးသောင်းထောက်ပံ့
by -
မဇ္ဈိမ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးယဉ်ပါး တီဘီလူနာများကို  The Three Millennium Development Goal Fund (3MDG) က တစ်လ သုံးသောင်း ကျပ်ထောက်ပ့ံမည်ဖြစ်ပြီး  သြဂုတ် ရ ရက်မှစတင်၍ ပုသိမ်ကြီးမြို့နယ်ရှိ အထက်မြန်မာပြည် တီဘီတိုက်ဖျက်ရေးဌာန၊ တီဘီဆေးရုံကြီးတွင် Automated Teller Machine (ATM)စက်မှ လူနာများကိုယ်တိုင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထား သည်ဟု တီဘီဆေးရုံအုပ်ကြီး ဒေါက်တာစောထွန်းက မဇ္စျိမကို ပြောသည်။

ဒေါက်တာစောထွန်းက  “အကျံုးဝင်တဲ့လူနာတွေကတော့ အခု ၂၀၁၅ မှာဖြစ်တဲ့ လူနာတွေပါ။ ကျန်တဲ့ လူနာတွေကတော့ တခြားအဖွဲ့တွေက ထောက်ပံ့တာတွေ ရှိပါတယ်။ ဒီဆေးရုံမှာ လာပြရင်းနဲ့ တစ်ခါ တည်းငွေကို ထုတ်လို့ရပါတယ်။ ATM ကဒ်လုပ်ဖို့ကတော့ သူတို့မှာ မှတ်ပုံတင်ရှိဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

ယင်းသို့ ထောက်ပံ့ပေးခြင်းမှာ 3MDG က မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၅၀ကျော်ရှိ  ဆေးယဉ်ပါး တီဘီ ရောဂါဖြစ်ပွား နေသူ လူနာများလိုအပ်သည့်အခါအသုံးပြုနိုင်ရန် ကူညီထောက်ပံ့ ပေးခြင်းဖြစ်သည်။ ထိုသို့ ကူညီထောက်ပံံ့နိုင်ရန်အတွက် KBZ ဘဏ်က  ATM စက်ကို တီဘီဆေးရုံတွင် ထားရှိပေးခြင်းဖြစ်သည်။

3MDG မှ အကြီးတန်းပြည်သူ့ကျန်းမာရေး အရာရှိ ဒေါက်တာအေးယုစိုးက “လူနာတွေအနေနဲ့ ဆေးရုံမှာ မထုတ်ချင်ဘူးဆိုလည်း KBZ ဘဏ်တွေရဲ့ ATM စက်ရှိတဲ့နေရာတိုင်းမှာ ထုတ်ယူလို့ ရပါတယ်။ ကျွန်မတို့အနေနဲ့ KBZဘဏ်နဲ့ ချိတ်ဆက်ထားပါတယ်”ဟု ပြောသည်။

ယင်းကဲ့သို့ ငွေကြေး ထောက်ပံ့ပေးခြင်းအတွက် လာရောက်ပြသည့် ခရီးစရိတ်များ အဆင်ပြေသွား သည်ဟုလည်း ဆေးယဉ်ပါးတီဘီလူနာတစ်ဦးဖြစ်သူ ကိုဝင်းထွန်းက ဆိုသည်။ ၎င်းက “ကျွန်တော် ဆိုရင် တောင်သာက လာရတယ်။ တစ်လတစ်ခါ ဒီကိုလာပြဖို့ အတော်ကြိုးစားရတယ်။ အခုတော့ ပူစရာမလိုတော့ဘူး။ ကဒ်လည်းလုပ်ပြီး သွားပြီ ငွေတော့ မထုတ်တတ်သေးဘူး။ သင်ပေးမယ်လို့ပြောတယ်”ဟု ပြောသည်။

KBZ ဘဏ်မှာတာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့စီက ဘဏ်ဝန်ထမ်းတွေက ငွေထုတ် နည်းကို ပြပေးသွားမယ်။ ဒီဆေးရုံက ဆရာ၊ဆရာမတွေကလည်း ကူညီကြည့်ပေးသွားကြမှာပါ။ နောက်ဆိုရင်တော့ အဆင်ပြေသွားမှာပါ”ဟု ပြောသည်။

တီဘီဆေးရုံတွင် ATM စက်ထားရှိခြင်းဖွင့်ပွဲအခမ်းအနားအား အဆိုပါဆေးရုံတွင် သြဂုတ်လ ရ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...