ပါတီများက ကမ်းလှမ်းသော်လည်း ဒေါက်တာ ညိုညိုသင်း တစ်သီးပုဂ္ဂလသာ ပြိုင်မည်

ပါတီများက ကမ်းလှမ်းသော်လည်း ဒေါက်တာ ညိုညိုသင်း တစ်သီးပုဂ္ဂလသာ ပြိုင်မည်
by -
မဇ္ဈိမ
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေး ထားပြီး ရွေးချယ်မခံရ သည့် နောက်ပိုင်း ပါတီ ငါးခုက ကမ်းလှမ်းလာသော်လည်း တစ်သီးပုဂ္ဂလ အဖြစ်သာ ဗဟန်းမဲဆန္ဒနယ်မှ ဝင်ပြိုင်တော့မည် ဟု ဒေါက်တာညိုညိုသင်းက သြဂုတ် ရ ရက်နေ့က ရန်ကုန်မြို့ ၃၆လမ်းရှိ MJN ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လျှောက်လွှာမတင်ခင် NLD ၏ မူဝါဒများကို အချိန်ယူလေ့လာပြီးမှ NLD ပါတီသို့ စာရင်းပေးခဲ့သော် လည်း ယနေ့ထိ NLD ပါတီဝင်မဟုတ်သောကြောင့် တစ်သီးပုဂ္ဂလသာ ဝင်ပြိုင်တော့မည်ဟု ၎င်းက ဆိုသည်။

ဒေါက်တာ ညိုညိုသင်းက “ကျွန်မဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ ရင်နာရတဲ့ ဆုံးဖြတ်ချက်ပါ’’ဟု သတင်း မီဒီယာများကို ပြောကြားခဲ့သည်။

၎င်း ဝင်အရွေးခံမည့် ဗဟန်းမဲဆန္ဒနယ်မှ NLD ကိုယ်စားလှယ်အား အနိုင်ရအောင် ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး ကျန်မဲဆန္ဒနယ်အားလုံးတွင် NLD အား ဝန်းရံသွားရမည်ဟုလည်း ၎င်းက ဆိုသည်။

“ပါတီငါးခုအား ကမ်းလှမ်းထားပါတယ်။ ကြံ့ခိုင်ရေးတော့ မပါပါဘူး”ဟု အခြားပါတီများ၏ ကမ်းလှမ်း မှုကိုလည်း ကျေးဇူးတင်ကြောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ပြောသည်။

အမျိုးသမီးများ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာရေး၊ ရပ်ကျေးအဆင့်မှ နိုင်ငံတော်အဆင့်ထိ အမျိုးသမီးများ ဆုံးဖြတ်ချက်ချပိုင်ခွင့်မှာ ပါဝင်လာရေး၊ ပြီးခဲ့သည့် ငါးနှစ်အတွင်း ဒေါ်ညိုညိုသင်း၏ လုပ်ဆောင်ချက် မှာ ငြင်းဆိုစရာ လုံးဝမရှိခြင်း၊ NLD တွင် အရွေးမခံရသော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စစ်စစ် တယ်ယောက်အဖြစ် ယုံကြည်၍ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ထောက်ခံ ကြောင်း ဗဟန်းပြည် သူတစ်ဦး ဖြစ်သူ အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်ရေး လုပ်ဆောင်နေသည့် ဒေါ်ခင်မိမိခိုင်က ပြောကြားသည်။

လက်ရှိ  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းသည် ဗဟန်းမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြင့် အရွေးခံမည်ဖြစ်ပြီး NLD ပါတီက ပြန်ကမ်း လှမ်းလာလျှင် လက်မခံ တော့ပဲ အခြားနိုင်ငံရေး ပါတီများသို့လည်း မဝင်ရောက်တော့ ဟုဆိုသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...