ရေဘေးသင့်သူများကို ကူညီရန် စာအုပ်နှင့် အလှုငွေလဲလှယ်သည့် အစီအစဉ်ပြုလုပ်

ရေဘေးသင့်သူများကို ကူညီရန် စာအုပ်နှင့် အလှုငွေလဲလှယ်သည့် အစီအစဉ်ပြုလုပ်
by -
မဇ္ဈိမ
မြန်မာတစ်နိုင်ငံလုံးရှိ ရေဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးရန်အတွက် စာအုပ်နှင့်အလှူငွေ လဲလှယ်ပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်း(အလယ်) အမှတ် ၁၄၄၊ စာပေနန်းတော် (ယခင်စာပေလောက ၅) စာအုပ်ဆိုင် အပေါ်ထပ်ရှိ ပန်းဆိုးတန်းပန်ချီခန်းမတွင် သြဂုတ် ၅ ရက်က စတင်ကျင်းပသည်။

ယင်းပွဲကို သြဂုတ် ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရှုတိုင်းယဉ်စာပေ၊ ရေသောက်မြစ် စာပေတို့၏ ကူညီမှုဖြင့်  ‘ကြိုက်တဲ့စာအုပ်ယူ၊ ကြိုက်သလောက် အလှူငွေထည့်  ရေဘေးကူညီရေး' အစီအစဉ်ကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် စာရေးဆရာ သွန်းနေစိုးက “စာအုပ် ၁၀ အုပ်ယူယူ တစ်ရာအုပ်ယူ ကြိုက်သလောက် ယူပါ။ အလှူငွေလည်း သတ်မှတ်မထားဘူး။ တစ်ရာထည့်ထည့် တစ်သောင်း ထည့်ထည့်ရပါတယ်”  ဟု ပြောသည်။

အဆိုပါပွဲအပြင် ကူညီသည့် လူငယ်များကလည်း အလှုခံ ထွက်မည်ဖြစ်ပြီး ရရှိသည့် အလှုငွေများကို  ချင်းနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းမည်ဖြစ်သည်။

သြဂုတ် ရ ရက်တွင်  ပန်းချီဆရာမောင်မောင်စော၏ ရှစ်လေးလုံး အထိမ်းအမှတ် ပန်ချီပြပွဲ ကျင်းပမည် ဖြစ်သည်ဟုလည်း ပြခန်းတာဝန်ခံ ဆရာမ နေညိုလတ်က ဆိုသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...