ရေဘေးသင့်ပြည်သူများအတွက် နော်ဝေက ကန်ဒေါ်လာ ၁၂သန်း ထောက်ပံ့

ရေဘေးသင့်ပြည်သူများအတွက် နော်ဝေက ကန်ဒေါ်လာ ၁၂သန်း ထောက်ပံ့
by -
မဇ္ဈိမ
မြန်မာနိုင်ငံ အနှံ့အပြား၌ ဇွန်လမှ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခခံစားနေရသူ များအတွက် နော်ဝေနိုင်ငံ က နော်ဝေကရုန်း ၁၀သန်း (အမေရိကန်ဒေါ်လာ ၁၂သန်း)ကို ထောက်ပံ့မည်ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၅ရက်က ထုတ်ပြန်လိုက်သည်။

ယင်းထောက်ပံ့မှုကို နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘော့ဂဲ ဘရင်ဒီက မြန်မာနိုင်ငံခြားရေးဝန်ကြီး နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သြဂုတ် ၅ရက်က တွေ့ဆုံစဉ် အသိပေးခဲ့ခြင်း ဖြစ်သည်ဟု မစ္စတာ ဘရင်ဒီက ဆိုသည်။

''မြန်မာနိုင်ငံမှာ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေက သဘာဝကပ်ဘေးတွေကို ကြံ့ကြံ့ခံနိုင်စွမ်းကို တိုးမြှင့်ဖို့ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ဖော်ပြနေပါတယ်။ လူ့အသက်တွေကို ပိုပိုပြီး ကယ်တင်နိုင်ဖို့ ဒေသတွင်း အာဏာပိုင်တွေနဲ့ ဖွံ့ဖြိုးရေးလှုပ်ရှားသူတွေက သူတို့ရဲ့လုပ်အားကို ဘေးဒဏ်သင့်နေရာတွေမှာပဲ စူးစိုက်ပုံအောထားဖို့က အရေးကြီးပါတယ်''ဟု ၎င်းက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ရာသီဥတု သတိပေးစနစ်များမှာ အထူးသဖြင့် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးနေသူများအတွက် အရေးကြီးလှပါသည်။

ရာသီဥတု ဆိုးရွားလာမည်ဟု ခန့်မှန်းရတိုင်း ဒေသခံလူထုများကို စောလျင်စွာ သတိပေးနိုင်ရန် အာရှတွင် ရာသီဥတု သတိပေးစနစ်များ ပေါ်ထွန်းလာရေးကို နော်ဝေက နှစ်ပေါင်းများစွာကပင် ထောက်ပံ့လာခဲ့သည်။

မြန်မာနိုင်ငံ အနှံအပြား မြို့နယ်များတွင် ရေကြီး ရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားလျက်ရှိပြီး လူပေါင်း ၂၀၀,၀၀ ကျော် ရေဘေးဒုက္ခ ခံစားနေရပြီး လူ ၃၀ကျော် သေဆုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...