တောင်ကြီး ပတ်စ်ပို့ရုံးတွင် ပွဲစားများအား ရုံးလုပ်ငန်းများ လုပ်ပိုင်ခွင့် ပေးထား

တောင်ကြီး ပတ်စ်ပို့ရုံးတွင် ပွဲစားများအား ရုံးလုပ်ငန်းများ လုပ်ပိုင်ခွင့် ပေးထား
ပုံဟောင်း / Crd
ပုံဟောင်း / Crd

ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ရုံးတာဝန်ခံကိုယ်တိုင် ပွဲစားများ ကို ရုံးအတွင်းနေရာပေးကာ ရုံးဝန်ထမ်းများကဲ့သို့ လုပ်ပိုင်ခွင့်ပေးထားသည့်အပြင် ပြည်သူများထံမှ ငွေကြေးများ ကိုပါ ကောက်ခံခိုင်းနေကြောင်း ပတ်စ်ပို့ သွားရောက်ပြုလုပ်သူများက ပြောသည်။

တောင်ကြီးမြို့ ပတ်စ်ပို့ရုံးတာဝန်ခံ (OC) ဒေါ်ဥမ္မာဆိုသူက ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဝန်ထမ်းမလုံလောက်ဟု အကြောင်းပြကာ ပွဲစား ၃၀ ထက်မနည်းကို ရုံးလုပ်ငန်းများ စေခိုင်းထားပြီး ရုံးတာဝန်ခံအခန်း၊ ဓာတ်ပုံရိုက်ခန်း နှင့် စာအုပ်ထုတ်ခန်းတို့တွင် နေရာချထားပေးထားခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပတ်စ်ပို့ရုံးသို့ သွားရောက်ခဲ့သူတစ်ဦးက “တောင်ကြီးရုံးက ပွဲစားလား၊ ဝန်ထမ်းလား တောင် ခွဲမရတော့ဘူး။ အခန်းထဲမှာ လုပ်ပေးနေတာလည်း ပွဲစားတွေ။ အပြင်မှာ လုပ်မလား လိုက်မေးနေတာ လည်း ပွဲစားလို့ ပြောလို့ရတယ်။ ပွဲစားက လုပ်တဲ့သူတွေထက်တောင် များနေတာ။ တိုကင်နဲ့ဆိုတော့ သူတို့ လုပ်ကွက် ဖြစ်နေတာပေါ့” ဟု ပြောသည်။

ထိုသို့ ရုံးအတွင်း နေရာယူထားသည့် ပွဲစားများက ဖောင်ကြေးအဖြစ် ရှမ်းပြည်မြောက်ပိုင်းမှ လာရောက် လျှောက်ထားသူများကို ကျပ် ၇ သောင်းနှင့် ရှမ်းပြည်တောင်ပိုင်း ဒေသခံများကို ကျပ် ၅ သောင်းအသီးသီး ကောက်ခံနေကြကြောင်း ဆိုသည်။

လက်ရှိ စနစ်အရ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်/စာအုပ်) ပြုလုပ်ရန်အတွက် တိုကင်စနစ်ဖြင့် သတ်မှတ်ထားပြီး တောင် ကြီးရုံးတွင် တစ်ရက်လျှင် လူဦးရေ ၁၅၀ ဝန်းကျင်သာ ပေးဆောင်ရာ၌ အဆိုပါ တိုကင်များကိုလည်း တောင်ကြီးရုံးတွင် တစ်ခုလျှင် ၄ သောင်းခွဲကျပ်နှုန်းဖြင့် ပတ်စ်ပို့ ပြုလုပ်သူများက ဝယ်ယူနေကြရသည်။

အွန်လိုင်းမှ QR စနစ်ဖြင့် တိုကင်ရယူသည့် စနစ်ကို စစ်အုပ်စုက ဖော်ဆောင်ထားသော်လည်း မြေပြင်တွင် ပွဲစားများ၏ စေခိုင်းမှုဖြင့်သာ အဆင်ပြေနေသည့်အတွက် ပွဲစားကြေး အနည်းငယ် ကျဆင်းသွားသည်မှအပ ထူးခြားသည့် ပြောင်းလဲမှု မရှိသေးကြောင်း ပြည်ပသို့ ထွက်ခွာရန် စောင့်ဆိုင်းနေသူများက ဝေဖန်နေကြသည်။

ပတ်စ်ပို့ လျှောက်ထားရာတွင် ကိုယ်တိုင် ပြုလုပ်သူများမှာ အနည်းဆုံး ၃ ရက်ခန့် တန်းစီစောင့်ဆိုင်းရသော် လည်း ပွဲစားနှင့် အပ်သူများမှာမူ တစ်ရက်တည်းဖြင့် ကိစ္စပြီးပြတ်ကြောင်း ဆိုကြသည်။

ပြည်ပသို့ ထွက်ခွာရန် စောင့်ဆိုင်းနေသူတစ်ဦးက “တိုကင်က QR ပေးတယ်။ အဲဒါက ပွဲစားရော၊ ဒီတိုင်း လုပ် တဲ့သူရော တန်းစီရတာ။ ဒါပေမဲ့ ပွဲစားက တန်းစီပြီးတာနဲ့ နောက်ရက် ချိန်းသွားပြီးရင် ကိစ္စပြတ်ပြီ။ ကိုယ် တိုင်လုပ်ရင် လက်ဗွေနှိပ်တာနဲ့ မျက်စိ Scan ဖတ်တာ ထပ်ပြီး သွားရတယ်။ အဲဒါလည်း တော်တော် စောင့်ရ တယ်” ဟု ပြောသည်။

တောင်ကြီး ပတ်စ်ပို့ရုံးတွင် အစအဆုံး ကိုယ်တိုင် လုပ်ဆောင်ပါက ကျပ် ၁ သိန်းဝန်းကျင် ကုန်ကျပြီး ပွဲစားနှင့် အပ်ပါက ကျပ် ၃ သိန်းခွဲခန့် ကုန်ကျသည့်အပြင် စာအုပ်ထုတ်ယူသည့် အခါတွင်လည်း ကျပ် ၁ သောင်း ထပ်မံ ပေးဆောင်ရကြောင်း ပတ်စ်ပို့ ပြုလုပ်ခဲ့သူများက ပြောသည်။

ဓါတ်ပုံ - ပုံဟောင်း
September 22, 2026
ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရသည် စစ်ရေးပဋိပက္ခများ ကြားထဲမှပင် ဒေသတွင်း ပညာရေးနှင့်...
ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...