မြင်းမူတွင် အိမ်စောင့်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုများအတွက် ရိက္ခာပို့ရန် ခက်ခဲနေ

မြင်းမူတွင် အိမ်စောင့်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုများအတွက် ရိက္ခာပို့ရန် ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ မလုံလောက်မှု ကြောင့် သက်ကြီးရွယ်အို အချို့မှာ ရေဘေးလွတ်ရာသို့ လိုက်ပါခြင်းမရှိဘဲ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့ကြရာ ၎င်းတို့အတွက် ရိက္ခာပို့ရန် အခက်အခဲ ဖြစ်နေကြသည်။

မြင်းမူမြို့နယ်တွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ အိမ်ထောင်စု ၃,၀၀၀ နီးပါးမှ လူဦးရေ ၁၅,၀၀၀ နီးပါး ရေဘေးသင့်လျက်ရှိသည်။

“အဖိုးအဖွား အရွယ်တွေ ကျန်ခဲ့တာပါ။ ကယ်ဆယ်ရေးလှေ မလောက်တာရောကြောင့် သူတို့က အိမ်စောင့်နေ မယ်ဆိုပြီး နေခဲ့ကြတာပေါ့။ အခက်အခဲကတော့ အခု ရေစီးကြမ်းနေတဲ့ နေရာတွေမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ် အိုတွေအတွက် ရိက္ခာ ပို့ပေးနိုင်ဖို့ ခက်ခဲနေတာပါ။ ကျန်ခဲ့တဲ့ ဦးရေတော့ မမှတ်နိုင်ခဲ့ပါဘူး၊ ရေစီးသန်နေတော့ အဲဒီဘက်ရွာတွေထဲ ဝင်လို့မရသေးတော့လေ” ဟု Vitamins - For Spring Revolution အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလှေများ လုံလောက်မှုမရှိသည့်အပြင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် မြွေဆိပ်ဖြေဆေးများပါ အရေးပေါ် လိုအပ်နေကြောင်း ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ဆိုသည်။

Vitamins - For Spring Revolution အဖွဲ့ တာဝန်ရှိသူက “ရေကြီးတော့ မြွေက အတော်ထွက်လာတာပါ။ တနေ့ကဆို တစ်ယောက် ဆိပ်ထိပါတယ်။ ဒီအချိန်မှာ မြွေကိုက်ခံရရင်လည်း ဆေးရုံဆေးခန်းက မလွယ်ပါဘူး။ နီးစပ်ရာ ရှိနေတဲ့ ဆေးအဖွဲ့ဆီမှာလည်း မြွေဆိပ်ဖြေဆေးက ရှိမနေပါဘူး” ဟု ဆက် ပြောသည်။

မြင်းမူမြို့နယ်အတွင်း ရေမြှုပ်သည့် ကျေးရွာများအနက် နောက်ဆုံးမြှုပ်သွားသည့် ကျေးရွာသို့သာ ကယ်ဆယ် ရေးလှေများ သွားရောက်၍ရပြီး ကျန်ကျေးရွာများမှာ ရေစီးသန်နေသဖြင့် သွားရောက်ရန် ခက်ခဲနေဆဲဖြစ်သည်။

မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက် ထုတ်ခြင်းတို့ကြောင့် ရေကြီးရေလျှံလျက်ရှိရာ စစ်ကိုင်းတိုင်းသည် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုကို အဆိုးရွား ဆုံး ခံစားနေရပြီး ဩဂုတ်လ ၁၂ ရက်နေ့ စာရင်းများအရ မြို့နယ်ပေါင်း ၁၄ ခုရှိ အိမ်ထောင်စု ၅၁,၈၅၉ စုမှ လူဦးရေ ၂၂၇,၄၉၁ ဦး ရေဘေးသင့်နေကြောင်း NUG က ထုတ်ပြန်ထားသည်။

September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...