မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် ၅၆ ရာခိုင်နှုန်းကျော်ရှိ

မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် ၅၆ ရာခိုင်နှုန်းကျော်ရှိ

မွန်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၅၆ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းရှိပြီး ယမန်နှစ်နှင့် ယှဉ်လျှင် အောင်ချက် ရာခိုင်နှုန်းကျသွားကြောင်း ပြည်နယ် ပညာရေးမှူးရုံး၏ အချက်အလက်များအရ သိရသည်။ 

ဇွန်လ ၂၈ ရက်နေ့ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တက္ကသိုလ်ဝင်တန်းအောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၀၅၄၂ ဦးရှိသည့်အနက် ၅၉၂၄ ဦး အောင်မြင်သည်။ 

ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်က မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းရှိခဲ့ပြီး တနိုင်ငံလုံးတွင် အောင်ချက်အမြင့်မားဆုံး ဖြစ်ခဲ့သည်။ 

ပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ကျသွားပြီး တနိုင်ငံလုံးတွင် အောင်ချက် စတုတ္ထအဆင့်သို့ ကျသွားသည်။ 

တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၅၉၂၄  ဦးတွင် ကျိုက်ထိုမြို့နယ်တွင် ၅၆၉ ဦး၊ ဘီးလင်းမြို့တွင် ၄၆၀ ဦး၊ သထုံမြို့တွင် ၄၃၈ ဦး၊ ပေါင်မြို့နယ်တွင် ၃၈၉ ဦး၊ မော်လမြိုင်မြို့နယ်တွင် ၁၇၄၀ ဦး၊ ချောင်းဆုံမြို့နယ်တွင် ၃၇၇ ဦး၊ ကျိုက်မရောမြို့နယ်တွင် ၁၅၈ ဦး၊ မုဒုံမြို့နယ်တွင် ၉၀၈ ဦး၊ သံဖြူဇရပ်မြို့နယ်တွင် ၆၁၆ ဦးနှင့် ရေးမြို့နယ်တို့တွင် ၂၆၉ ဦး ပါဝင်သည်။  

စစ်ကော်မရှင် ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး ဖြေဆိုသူ ၂၅၅,၂၂၈ ဦး ရှိပြီး ၁၃၃,၆၇၃ ဦး အောင်မြင်ကာ အောင်ချက် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိသည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးအဖြစ် မန္တလေးတိုင်းဖြစ်ပြီး အောင်ချက် ၆၂ ဒသမ ၂၂ ရာခိုင်နှုန်း၊ ဒုတိယအနေဖြင့် ပဲခူးတိုင်း အနောက်ခြမ်းဖြစ်ပြီး အောင်ချက် ၅၉ ဒသမ ၆၀ ရာခိုင်နှုန်း၊ တတိယအနေဖြင့် မကွေးတိုင်းဖြစ်ပြီး အောင်ချက် ၅၈ ဒသမ ၃၉ ရာခိုင်နှုန်း ရရှိကြသည်။ 

တစ်နိုင်ငံအလုံးအတိုင်းအတာအနေဖြင့် ၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည် ယမန်နှစ်ကထက် တိုးလာသည်။ ယမန်နှစ်က အောင်ချက် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့သည်။

ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...