KNDF – UAV ဖန်တီးထားတဲ့ လေ‌ကြောင်းရန်အသိပေး အက်ပလီကေးရှင်းအသုံးပြုသူ ၁၀၀၀ ကျော်ရှိ

KNDF – UAV ဖန်တီးထားတဲ့ လေ‌ကြောင်းရန်အသိပေး အက်ပလီကေးရှင်းအသုံးပြုသူ ၁၀၀၀ ကျော်ရှိ

လက်ရှိ မြန်မာနိုင်ငံအတွင်းက နေရာဒေသအများစုမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရင်ဆိုင်နေကြတဲ့ လူထုတွေရဲ့ ကိုယ်ရေးလုံခြုံရေးအတွက် လေ‌ကြောင်းရန် ကြိုတင်အသိပေးနိုင်မည့် AirAlert အက်ပလီကေးရှင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) UAV ရဲ့ အဖွဲ့ဝင်တဦးဖြစ်သူ အုပ်ကြီးက ဖန်တီးထားပါတယ်။

လက်ရှိ အက်ပလီကေးရှင်းကို ကရင်နီပြည်အပါအဝင် နေရာဒေသအသီးသီးက အသုံးပြုနေသူဦးရေ ၁ ထောင်ကျော်ရှိပြီလို့လည်း အက်ပလီကေးရှင်း ဖန်တီးသူ (KNDF) UAV မှ အုပ်ကြီးက အခုလိုပြောပါတယ်။

“လက်ရှိ ဒီအက်ပလီ‌ကေးရှင်း သုံးစွဲသူ ဘယ်လောက်ရှိသွားပြီလဲဆိုရင် ၁၁၃၃ ယောက်ရှိသွားပြီပေါ့နော်။ လက်ရှိမှာ ကျနော် reporter ID ပေးထားတာ ၆ယောက်ပဲရှိပါသေးတယ်။ကျနော့်ဆီ တချို့အခြားသော မကွေး၊စစ်ကိုင်း အခြားသော ဒေသတွေလည်း Invite Code လာတောင်းလို့ရပါတယ်။ ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့မြို့နယ်က ပြည်သူလူထုတွေ ဘေးကင်းလုံခြုံဖို့က ပိုပြီး အရေးပါပါတယ်။”လို့ (KNDF) UAV မှ အုပ်ကြီးက ဆိုပါတယ်။

လေကြောင်းအချက်ပေးသံက သတင်းပေးတဲ့သူရှိမှသာ AirAlert က အသံမြည်မှာဖြစ်ပြီး invite code လိုအပ်တယ်လို့ ဆိုပါတယ်။ AirAlert App ကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး စစ်အုပ်စုဖက်ကနေ တန်ပြန် ဘာမှလုပ်လို့မရအောင် စနစ်ကိုလည်း အတည်တကျ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် လေယာဉ်/ဗုံးကြဲမှုကို ၁မိနစ်ကနေ ၅ မိနစ်အတွင်း ကြိုတင် သတိပေးပြီး ပြည်သူတွေ ခိုလှုံချိန်ရအောင် ကူညီတဲ့ app ဖြစ်သလို Online/အင်တာနက် ရှိမှသာ အလုပ်လုပ်နိုင်တဲ့ appဖြစ်တယ်လို့ ပြောပါတယ်။

“ ကျနော့်ကို တစ်ခြားဒေသတိုင်းက အသုံးပြုသူတွေအနေနဲ့ invite code လာယူစေချင်တယ်။ ကိုယ့်နယ်ကိုယ့်ဒေသကသူတွေကဘဲ သတင်းတင်ပေးတာမျိုးရှိမှ AirAlert APK ကအသံမြည်မယ်။ ဒါကလည်း ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ invite code ထည့်ပြီး လေယာဉ်တွေ့မှ လေယာဉ်တွေ့ကြောင်းလေး တင်လိုက်ရင်ရပြီ။ ဒါလေးကိုတော့ "Message" ပေးချင်တယ်။ သုံးစွဲသူ လူတော်တော်များများက သတင်းတင်တာနောက်ကျတယ်။ Alert မမြည်တာတွေက ဒီအချက်တွေကြောင့်ပါ။ ဒါလေးတော့ သေချာလေးမှာချင်ပါတယ်။” လို့ AirAlert App အသုံးပြုပုံနဲ့ပတ်သက်ပြီး UAV အဖွဲ့ဝင် အုပ်ကြီးက အခုလို ဖြည့်စွက်ပြောဆိုထားပါတယ်။

အဆိုပါ အက်ပလီကေးရှင်းရဲ့ အလုပ်လုပ်ပုံ၊ အသုံးပြုပုံနဲ့ ပတ်သက်ပြီး ဖန်တီးလုပ်ဆောင်ထားသူက https://www.facebook.com/share/v/1C2VaFrV4c/ Video လင့်ခ်ကနေ အခုလို အသေးစိတ် ရှင်းပြထားပါတယ်။

ကိုယ်ရေးလုံခြုံရေးအတွက် အရေးပါတဲ့ အက်ပလီကေးရှင်းဖြစ်တာကြောင့်လည်း ဒေသအသီးသီးက လူထုတွေအနေနဲ့ အသုံးပြုကြဖို့နဲ့ အထူးသဖြင့် စာသင်ကျောင်းတွေ ဆေးရုံတွေမှာ အဆိုပါ အက်ပလီကေးရှင်းကို ဖုန်းထဲထည့်သွင်း အသုံးပြုကြဖို့ကိုလည်း (KNDF) UAV မှ အုပ်ကြီးက တိုက်တွန်းထားပါတယ်။

Most read this week

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...