ဖားကန့်မှာ မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံဖြစ်

ဖားကန့်မှာ မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံဖြစ်

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းတာတွေကြောင့် ဖားကန့်မြို့ပေါ်က ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ဒေသခံပြည်သူအများအပြားလည်း သွားလာရေး ခက်ခဲနေကြပါတယ်။ 

နေ့တိုင်းနီးပါး(တစ်ပတ်ကျော်) အဆက်မပြတ် မိုးသည်းထန်ခဲ့တာဖြစ်ပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေရဲ့ လမ်းမတွေနဲ့ နေအိမ်အတွင်းတွေအထိ ဝင်ရောက်လာတာကြောင့် ရေဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

 “မိုးအဆက်မပြတ်ရွာလို့ ဥရုချောင်း ရေကြီးလာတယ်။ ဖားကန့်ကျောက်ဝိုင်း၊ငှက်ပျောတော ဘက်မှာ ရေကြီးလို့ ဖားကန့်ကျောက်စိမ်းတောင်တံတားအနီးက ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလုံနေကြတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

 ဥရုချောင်းရေတက်လာတဲ့အတွက် အနီးဝန်းကျင်က မြေနိမ့်ရပ်ကွက်တွေ ဖြစ်တဲ့ ငှက်ပျောတော၊မြို့မ၊အေးမြသာယာရပ်ကွက်နဲ့ ဖားကန့်ကျောက်ဝိုင်းအနီးက ရေဘေးတိမ်းရှောင်တဲ့ ဒေသခံအိမ်ထောင်စု ၈၀ လောက်ရှိပြီလို့လည်း ဆိုပါတယ်။

 အဲဒီရေဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။

 ဒါ့အပြင် ဒီမနက်ပိုင်းမှာလည်း မော်ဝမ်းရပ်ကွက်(၃)မှာ မိုးရေကြောင့် မြေပြိုလာတဲ့အတွက် အိမ်အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

 မနေ့ကတည်းက မော်ဝမ်းချောင်းရေ ပြန်တက်လာတဲ့အတွက် ရပ်ကွက်တွေထဲမှာလည်း ရေဝင်ပြီး ဒေသခံတချို့နဲ့ ဈေးရောင်းတဲ့သူတွေ ဒုက္ခရောက်နေကြရတဲ့ အခြအနေပါ။။

 ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာတဲ့အတွက် ဖားကန့်ဒေသက မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။

 အဲဒီမြေနိမ့်ရပ်ကွက်တွေဟာ နှစ်တိုင်းမိုးရာသီရောက်ရင် ရေဘေးနဲ့ ကြုံတွေ့နေရတဲ့ ရပ်ကွက်တွေဖြစ်ပါတယ်။

 လမ်းမပေါ်တွေမှာ ရေမြင့်တက်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ သွားလာရေးအတွက် လှေတွေကိုသာ အဓိကအားပြုနေကြရတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

 ဖားကန့်ဒေသဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုဒဏ်တွေကို ဆိုးဆိုးရွားရွား ခံစားနေကြရတာ ဖြစ်ပါတယ်။ 

Most read this week

ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို...
September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...