စစ်အာဏာရှင်ပျက်သုန်းရေး ရည်မှန်းချက်ကို ဆက်လက်ကိုင်စွဲမယ်လို့ ထုတ်ပြန်

စစ်အာဏာရှင်ပျက်သုန်းရေး ရည်မှန်းချက်ကို ဆက်လက်ကိုင်စွဲမယ်လို့ ထုတ်ပြန်

ဖိနှိပ်မှုတွေကြားက မတုန်လှုပ်ဘဲ မိမိယုံကြည်ချက်ကို ခိုင်မြဲစွာရပ်တည်လျက် ဖိနှိပ်ချုပ်ချယ်မှုတွေကြားက စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေသူ ဇွန်လ ၁၉ ရက်မှာ အသက် ၈၁ နှစ်ပြည့်တဲ့ဒေါ်အောင်ဆန်းစုကြည်ကို ကလေးအကျဉ်းထောင် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား အနေဖြင့် လေးစားအတုယူလျက် လေးမြတ်စွာ ဦးညွတ်ကာ စစ်အာဏာရှင်ပျက်သုန်းရေး ရည်မှန်းချက်ကို ဆက်လက်ကိုင်စွဲကာ မိမိတို့ ယုံကြည်ချက်အပေါ် မဆုတ်မနစ်ရပ်တည်သွားမှာဖြစ်တယ်လို့ ကလေးအကျဉ်းထောင် နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူ တွေက

ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါက ဒီကနေ့အထိ ပြန်မလွှတ်ပေးတဲ့ပြင် ဘယ်သူနဲ့မှ တွေ့ဆုံခွင့် မပေးတာဟာ ၎င်းတို့ရဲ့ ကြောက်ရွံစိတ် ဘယ်လောက်ကြီးမားလဲဆိုတာ ထင်ရှားပြသနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအကျဉ်းထောင် နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူ တွေက ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မင်းအောင်လှိုင်၏ ဒီမိုကရေစီအစိုးရတည်ဆောက်ရေးတွင် နိုင်ငံရေးအတိုက်အခံပါတီများ၊နိုင်ငံရေးအတိုက်အခံခေါင်းဆောင်များနှင့် ပြည်တွင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ယနေ့အထိ ဖမ်းဆီးထားခြင်း၊ဖိနှိပ်ခြင်းများ နည်းအမျိုးမျိုး ကြိုးပမ်းလုပ်ဆောင်မှုများသည်လည်း ဒီမိုကရေစီ စံချိန်စံနှုန်းများ သွေဖယ်ရာရောက်သလို ဒီမိုကရေစီဂုဏ်သိက္ခာချနင်းရာလည်းရောက်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်အစိုးရကို ဝေဖန်ပြောဆိုနေသူများနှင့်အတိုက်အခံများကို ဆက်လက်ဖမ်းဆီးထားခြင်း၊ချုပ်နှောင်ခြင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကို ဖိနှိပ်မှုဆက်လက်လုပ်ဆောင်နေခြင်းများသည် ဖက်ဆစ်ဆန်သည့်လုပ်ရပ်များအနေဖြင့် ယူဆတဲ့ကြောင်းနဲ့ မင်းအောင်လှိုင်နှင့်အပေါင်းအပါများအနေဖြင့်လည်း ဒီမိုကရေစီအစိုးရဟု အပေါ်ယံပြောဆိုမှုများ ရပ်တန့်ပြီး နိုင်ငံအပေါ်အမှန်တကယ် စေတနာရှိပါက ပြည်သူလူထုလိုလားသော နိုင်ငံရေးအပြောင်းအလဲနှင့် စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အခြေခံသော ဖွဲသည်းပုံအပြောင်းအလဲကို သတ္တိရှိရှိ ပြောင်းလဲ၍ ပြည်သူလူထုထံ အလင်းဝင်ရန် ဖိတ်ခေါ်တဲ့ကြောင်းကလေးအကျဉ်းထောင် နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူများက ထုတ်ပြန်ထားပါတယ်။

June 19, 2026
ချင်းပြည်နယ် တီးတိန်မြို့နဲ့ ရိဒ်ခေါ်ဒါရ် (အိန္ဒိယ - မြန်မာ) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က...
June 18, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ရက်ပေါင်း ၃၀ အတွင်း...
June 17, 2026
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြစ်ဒဏ်ကျခံပြီးသား...
June 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ  ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အမှတ် (၇) ကျောင်းကို...