မြဝတီမြို့တွင် ဆောက်လက်စ နေအိမ်အပေါ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲ

မြဝတီမြို့တွင် ဆောက်လက်စ နေအိမ်အပေါ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲ

ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့မှာ ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအကြားတွင် ဆောက်လက်စ အဆောက်အဦးနေအိမ်အပေါ်ထပ်မှာ ဒရုန်းဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“အသံတော့ ကြားလိုက်တယ်။ ၉ နာရီခွဲကျော်ကတစ်ချက်ပဲ။ ရဲစခန်းလည်းမကျ၊ ရပ်ကွက်ရုံးလည်းမကျ။ လာချတဲ့ဒရုန်းကလည်း ဗုံးသီးလာချပြီးတော်ရုံနဲ့ ပြန်တက်မရဘဲ အကြာကြီးပျံနေတယ်။ ဂျမ်ဘာ( Jammer) မိတာလို့တော့ ထင်တယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ဇွန် ၁၄ ရက်နေ့က ည ၉ နာရီခွဲ မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး မြဝတီမြို့ ၊အမှတ် (၅) ရပ်ကွက် က ဖားစည်သံ တည်းခိုခန်းအရှေ့က ဆောက်လက်စ အဆောက်အဦရဲ့ အိမ်အပေါ်ထပ်မှာ ထိမှန်ခဲ့တာလို့သိရပါတယ်။

ဖြစ်စဉ်မှာ လူထိခိုက်သေဆုံးမှုရှိမရှိကိုတော့ မသိရသေးဘဲ ပေါက်ကွဲမှုအပြီးနောက်နေ့မှာတော့ စစ်တပ်က မြို့အတွင်း စစ်ကားသုံးစီးနဲ့ ကင်းပတ်ပြီးစောင့်ကြည့်လုပ်ဆောင်တာတွေရှိခဲ့တယ်လို့ လူမှုကွန်ရက်မီဒီယာများမှာ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာ မသိရသေးသလို ၎င်းမြို့ထဲမှာ ရှိနေတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပြုလုပ်မှန်းမသိရသေးဘူးလို့ ဒေသခံများအကြား ပြောဆိုနေကြတာပါ။

ဒါ့အပြင် ဒရုန်းနဲ့ တိုက်ခိုက်ခံရနိုင်ခြေရှိတယ်လို့ ယူဆရတဲ့မြို့အစွန်နေရာများ နဲ့ အရေးကြီးတဲ့အဆောက်အအုံများကို စစ်တပ်က လှည့်ပတ်ပြီးစစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်နေရတာဟာ မြို့အတွင်းဌာနဆိုင်ရာရုံးများ၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံး အနီးပတ်ဝန်းကျင်များတွင် မကြာခနဆိုသလိုဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုများကြောင့် ယခုနောက်ပိုင်းတွင် ဖြစ်ပေါ်လာတဲ့ အခြေအနေတာဝန်တစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ရွေးကောက်ပွဲအနီးကလည်း မြဝတီမြို့ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အပါအဝင် မြို့အတွင်းရှိနေရာလေးခုမှာ ဒရုန်းဗုံး(၅) လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၅ ဦးထက်မနည်းထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလည်းဖြစ်ပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...