ကလေး - တမူးလမ်းမပေါ်က အရှေ့ခုံသာနဲ့ အနောက်ခုံသာကျေးရွာကို စစ်ကောင်စီ မီးရှို့နေ

ကလေး - တမူးလမ်းမပေါ်က အရှေ့ခုံသာနဲ့ အနောက်ခုံသာကျေးရွာကို စစ်ကောင်စီ မီးရှို့နေ

စစ်ကိုင်းတိုင်း ကလေး - တမူး လမ်းမပေါ်မှာတည်ရှိတဲ့ ကလေးမြို့နယ်မြောက်ပိုင်းက အရှေ့ခုံသာ နဲ့ အနောက်ခုံသာကျေးရွာတွေက အရပ်သားနေအိမ်တွေကို ကလေးမြို့ဘက်ကနေ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီက ဇွန်လ ၁၀ ရက်နေ့ မနက်ကစလို့ မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက “ ဒီနေ့ မနက်ကစလို့ မီးရှို့နေပြီလို့ အရှေ့ခုံသာဘက်ကနေ ဒီဘက်ကိုပြေးလာတဲ့ သူတွေကပြောတယ်။ သူတို့ရွာဘက်က မိဘတွေ စိတ်ပူပြီး ဖုန်းဆက်ရင်း သိရတာ။ သူတို့ရွာခံတွေကိုယ်တိုင်ပြောတာ ။ အရှေ့ခုံသာ၊ အနောက်ခုံသာက  ကလေး - တမူးလမ်းမကြီးပေါ်ပေါ့။ ကလေးမြို့ဘက်ကနေ ထိုးတဲ့စစ်ကြောင်းက မီးရှို့တာပေါ့” လို့ပြောပါတယ်။

ကလေး - တမူးလမ်းမပေါ်က  အရှေ့ခုံသာ ၊ အနောက်ခုံသာ ကျေးရွာတွေအပါအဝင်  ကံကြီးကျေးရွာအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတာ ဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးလမ်းမကြီးကို စစ်ကောင်စီဘက်က တမူးဘက်နဲ့ ကလေးမြို့ဘက်ကနေ စစ်ကြောင်း နှစ်ကြောင်း ညှပ်ပြီး ထိုးလာလို့ ဒေသခံ ထောင်ချီဟာ အိန္ဒိယ ဘက်နဲ့ ကလေးမြို့ဘက်ကို စစ်ဘေးရှောင်နေရပါတယ်။

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်အတွင်း  အိန္ဒိယ - မြန်မာနယ်စပ်တလျှောက် လုံခြုံရေးကိုင်တွယ်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ကို အာမခံခဲ့ပြီး ရက်ပိုင်းအကြာမှာဘဲ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကလေး - တမူး လမ်းမပေါ်က နေရာတွေကို စစ်ကြောင်းထိုးလာတာလို့လည်း သိရပါတယ်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...