ဗန်းမောက်တွင် ရှမ်းနီစာပေနှင့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းဆင်းပွဲပြုလုပ်

ဗန်းမောက်တွင် ရှမ်းနီစာပေနှင့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းဆင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မံလုအုပ်စု နမ့်ပုံကျေးရွာတွင် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု မော်ဆွန်ဆရာ/ဆရာမများ မွမ်းမံသင်တန်းနဲ့  လူငယ်ဖွံ့ဖြိုးရေးသင်တန်း ဆင်းပွဲကို မေလ (၃၀) ရက်နေ့မှာ  ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ သင်တန်းတွင် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု မွမ်းမံ/ဆရာဖြစ်သင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းများကို ဘာသာရပ် (၁၈) ခု သင်ကြားပို့ချခဲ့တယ်လို့သိရပါတယ်။

"မောဆွန်ဆရာ/ဆရာမများ မွမ်းမံသင်တန်းကို မေလ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ရက်ပေါင်း (၂၅) ရက်ကြာ သင်ကြားပို့ချခဲ့ကာ ရှေဟောင်းရှမ်းနီစာ၊ အခြေခံရှမ်းနီစာပေ၊ စကားပြောစွမ်းရည်၊ အတွေးခေါ်စွမ်းရည်၊ လူမှုဆက်ဆံရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ သမိုင်းကြောင်း၊ သင်ကြားရေးနည်းစနစ်၊ စာကြီးပေကြီး (လိက့်လုင်)၊ စုပေါင်းလုပ်ဆောင်နည်း၊ ရိုးရာအတီး၊ အက၊ အဆို၊ ပုံပြင်၊ ကဗျာ၊ ကာယလေ့ကျင့်ရေး၊ ရှမ်းဘာသာဖြင့် ဘုရားရှိခိုးခြင်း၊ ပန်းထိုးပညာ၊ ယက်ကန်းပညာနှင့် ချက်ပြုတ်နည်း စသည့် ဘာသာရပ်များကို သင်ကြားပေးခဲ့လို့ သင်တန်းမှုးက ပြောပြပါတယ်။

ထို့အပြင် သင်တန်းဆင်းပွဲအတွင်း သင်တန်းသူ၊ သင်တန်းသားများအား ထူးချွန်မှအလိုက် ဆု (၇) မျိုး ချီးမြှင့်ပေးခဲ့ပါတယ်။

ချီးမြှင့်သည့်ဆုများတွင် ရှမ်းနီစာပေဆု၊ ရှေဟောင်းရှမ်းနီစာ (လိက့်လုင်) ဆု၊ ရိုးရာအတီးဆု၊ အကဆု၊ ဝတ်စားဆင်ယင်မှုဆု၊ စည်းကမ်းထိန်းသိမ်းရေးအကောင်းဆုံးဆုနှင့် ဖွဲ့စည်းလုပ်ဆောင်မှုဆုတို့ ပါဝင်ကြောင်း သင်တန်းဖြစ်မြောက်ရေးကော်မတီထံမှ သိရပါတယ်။

ထို့နောက် သင်တန်းပြီးဆုံးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်သွားမယ်လို့ရပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...