မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ

မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ

အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် လက်ရှိကာလအတွင်း မင်းတပ်မြို့ပေါ်တွင် နေအိမ်များ ဖောက်ထွင်းပြီး ပစ္စည်းများ ခိုယူမှု ဖြစ်ပေါ်နေသည့်အတွက် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အများပြည်သူများအနေဖြင့် ညစဉ် မိမိနေအိမ်နှင့် ပုန်းခိုကျင်းများတွင် နေထိုင်ရန်၊ ခွင့်ပြုချက် မရှိဘဲ အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ သွားလာခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်း မပြုရန်နှင့် ည ၉ နာရီမှ နံနက် ၅ နာရီအချိန် အတွင်း ညမထွက်ရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက်မှာ ဒေသန္တရအမိန့် ထုတ်ပြန်သည်။

စစ်တပ်၏ ထိုးစစ်ဆင်ခြင်းကို ခုခံတွန်းလှန်ရန် ဆောင်ရွက်နေသည့် ကာလအတွင်း မင်းတပ်မြို့ပေါ်ရှိ ပြည်သူအချို့သည် နေအိမ်များ စွ့န်ခွာပြီး လုံခြုံမည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည်ဟု သိရသည်။

ယင်းအခြေအနေကြောင့် လူမရှိသည့် နေအိမ်များတွင် မသမာသူ လူတစ်စုမှ နေအိမ်များ ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ခိုးယူမှုများ ဖြစ်ပွားနေသည်ကို သိရှိရသည်ဟု မင်းတပ်ပအဖအဖွဲ့ထံမှ သိရသည်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအနေဖြင့် ပြည်သူပိုင်ပစ္စည်းများအား ဖောက်ထွင်းခိုးယူသူများ၏ ရန်မှ ကာကွယ်နိုင်ရေးအတွက် ညစဉ် လှည့်ကင်း၊ ပတ်ကင်းများလည်း ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်သည်ဟု သိရသည်။

စစ်တပ်သည် မကွေး၊ ဆောမှတဆင့် ကန်ပက်လက်မြို့သို့ မေလ ဒုတိယပတ်မှစတင်၍ အင်အားရာချီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ကန်ပက်လက်အနီး ၆ မိုင်ဝန်းကျင်နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျောက်ထုမှတဆင့် မင်းတပ်မြို့ကိုလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နိုင်ရန် စစ်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

Most read this week

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...