ကိုယ်စားလှယ်လောင်း (၄၁)ဦး အရည်အချင်းပျက်ယွင်းကြောင်း ကြေညာ

ကိုယ်စားလှယ်လောင်း (၄၁)ဦး အရည်အချင်းပျက်ယွင်းကြောင်း ကြေညာ

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းများ တင်သွင်းခြင်းမရှိဘူးဟုဆိုကာ ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ရဲ့ ကိုယ်စားလောင်း(၁၂)ဦးအပါအဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်း(၄၁)ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် ရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့သူ ကျားဖြူပါတီကိုယ်စားလှယ် ရန်ကုန်တိုင်းက(၉)ဦး နဲ့ ပဲခူးတိုင်း၊နေပြည်တော်၊မန္တလေးတိုင်း က(၁)ဦးစီ တို့ပါဝင်ထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ရှေ့ဆောင်ပါတီ (၁၂)ဦး ၊ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ(၅)ဦး၊ ပြည်သူ့ပါတီ(၄)ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ(၂)ဦး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က (၂)ဦး၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ(၁)ဦး၊၊ ဒီမိုကရက်တစ်အင်အားစုလေဘာတီပါတီ(၁)ဦး၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(၁) ဦးတို့လည်း အရည်အချင်းပျက်ယွင်းသူများထဲ ထည့်သွင်းထားပါတယ်။

ဒီ နိုင်ငံရေးပါတီ( ၉) ခုထဲက ကိုယ်စားလှယ် (၄၀)ဦး နဲ့ တစ်သီးပုဂ္ဂလ (၁)ဦးတို့ဟာ (UEC)က သတ်မှတ်ထားတဲ့ ရက်ပေါင်း(၃၀)အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်ပြရန် ပျက်ကွက်တာကြောင့် အခုလိုကြေညာတာဖြစ်ကြောင်း သိရပါတယ်။

အခု ကိုယ်စားလှယ်လောင်းတွေက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရူံးနိမ့်ထားသူတွေဖြစ်ပြီး သူတို့ဟာ နောက်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိတော့သူတွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၇)ရက်နေ့မှာ ရွေးကောက်ပွဲကုန်ကျစရိတွေကို တင်သွင်းခြင်းမရှိပါက အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်မယ့်အကြောင်း (UEC) က အသိပေးထားပါတယ်။

စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)ရာခိုင်နှုန်းသာ နေရာရရှိခဲ့တယ်လို့ Burma News International (BNI) ရဲ့ ရွေးကောက်ပွဲ သုတေသနအစီရင်ခံစာက ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီ(၂၉)ပါတီ ဝင်ပြိုင်ခဲ့ကြတာဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၁၅ ရာခိုင်နှုန်း၊ နေရာ (၁၅၅) နေရာပဲ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီထဲ နေရာအများဆုံးနိုင်ခဲ့တဲ့ပါတီတွေက ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) (၃၉)နေရာနဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်က (၁၈)နေရာတို့ ဖြစ်တယ်လို့ သိရပါတယ်။

မဲထည့်သူအရေအတွက်ဟာလည်း ၂၀၂၀ ခုနှစ်ကထက် သိသိသာသာလျော့နည်းသွားပြီး ၂၀၂၀ ခုနှစ်မှာ လူဦးရေ ၃၈ သန်းရှိခဲ့ပေမယ့် ယခုနှစ်၂၀၂၅ မှာ (၂၄)သန်းကျော်သာ ဆန္ဒမဲပေးခဲ့ကြပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...