မော်လမြိုင် ကမ်းနားလမ်းမှာ အရက်သေစာသောက်စားတာကို တားမြစ်

မော်လမြိုင် ကမ်းနားလမ်းမှာ အရက်သေစာသောက်စားတာကို တားမြစ်

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ပလက်ဖောင်းတွေပေါ်မှာ အရက်သေစာ သောက်စားတာ မလုပ်ဖို့ တားမြစ်ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင် ကမ်းနားလမ်းမှာ အရက်သေစာ သောက်စားမှု တားမြစ်မှုအပေါ် ဒေသခံပြည်သူတွေအကြား သဘောထားအမြင်အမျိုးမျိုး ရှိနေပြီး ကမ်းနားလမ်းတလျှောက် Bar အများအပြား ဖွင့်လှစ်ခွင့်ပြုထားတဲ့အပေါ် ဝေဖန်တာတွေ ရှိနေပါတယ်။

စစ်အစိုးရဘက်ကတော့ မော်လမြိုင် ကမ်းနားလမ်းမှာ အရက်သေစာ သောက်စားမှု တားမြစ်ရတာဟာ အများပြည်သူ အပန်းဖြေရာ လမ်းမတွေမှာ မူးယစ်သောက်စားမှု မရှိစေရေးနဲ့ မြို့ပြအင်္ဂါရပ်နဲ့ ညီညွှတ်စေဖို့လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကလည်း မော်လမြိုင် ကမ်းနားလမ်းတလျှောက်မှာ အမှိုက်ပစ်ရင် ဒဏ်ငွေကျပ် တစ်သိန်း ဒဏ်ရိုက်ခံရမယ်လို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သတိပေးကြေညာထားပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက သူ့အစိုးရ သက်တမ်းအတွင်း မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

Most read this week

ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...