KIA က စစ်ရေးအရပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်ကို ယာယီပြန်ဖွင့်

KIA က စစ်ရေးအရပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်ကို ယာယီပြန်ဖွင့်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ရေးအခြေအနေရ ပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ကျောင်းသူ/သားတွေနဲ့ မိဘပြည်သူတွေ သွားလာနိုင်ရေး ယာယီပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီလို့ စာထုတ်ပြန်ပါတယ်။

 ကာမိုင်း- ဖားကန့်လမ်းမကြီးကို KIA/KPDF ပူးပေါင်းတပ်တွေက စစ်ရေးအရ ပိတ်ထားခဲ့ပေမဲ့ ကျောင်းဖွင့်ရာသီ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ ကျောင်းသားတွေ ကျောင်းအပ်နှံတာနဲ့ သွားလာရေးတွေ အဆင်ပြေချော့မွေ့စေဖို့ ပြန်ဖွင့်ပေးလိုက်တာလို့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။

 အခုဖွင့်ပေးထားတဲ့ ဖားကန့်လမ်းမကြီး ပြန်ပိတ်ဖို့နဲ့ပတ်သက်ပြီးတော့ တပ်မဟာ(၉)ဘက်က ညွှန်ကြားလာမယ်လို့လည်း ထည့်ရေးထားပါတယ်။

 ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဖားကန့်လမ်းပြန်ဖွင့်တာနဲ့ ပတ်သတ်ပြီး “ဒီနေ့ကစပြီ ဟုတ်တယ်။ ကလေးတွေ ကျောင်းတက်ဖို့ ကျောင်းအပ်ဖို့အတွက်ပေါ့။ ဘယ်အချိန်ပြန်ပိတ်မလဲတော့ မသိဘူး။”လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လမ်းပြန်ဖွင့်ပေးထားပေမဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် ကျောင်းသူ/သားတွေ မိဘပြည်သူတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာနေရမဲ့ အခြေအနေလည်း ဖြစ်နေတာပါ။

 လမ်းပိတ်ထားတဲ့ အချိန်အတွင်းမှာလည်း ကျောင်းသူ/သားတွေ မိဘတွေအနေဲ့ ကားတွေမှာ အလံဖြူထောင်ပြီး နေ့တိုင်းနီးပါး ဖားကန့်ကနေ ဆင်းသွားကြတာတွေ ရှိနေတာဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ဧပြီ  ၂၂ ရက်နေ့က စပြီး ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက် KIAတပ်ဘက်က ဖားကန့်-နန့်ယား-ကားမိုင်လမ်းပိုင်းကို အများပြည်သူ ခရီးသွားလာခြင်း၊ ယာဉ်ကြီးယာဉ်ငယ် ဖြတ်သန်းသွားလာခြင်းကို ရက်အကန့်အသတ်မရှိပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...